11

5.1K 444 20
                                    

"ဝမ်ရိပေါ် ဟုတ်တယ်နော်"

ကျောဘက်က အသံကြောင့် Oillie Jump ခုန်နေရင်းကနေ လှည့်ကြည့်လိုက်တော့ မြင်လိုက်ရတဲ့ အမျိုးသမီးက သူ့မျက်ခုံးတွေကို စုကျုံ့စေတယ်။

ဟိုတစ်ခါ အိမ်နားက Mart မှာ ကောနဲ့အတူတွေ့ခဲ့ရတဲ့ အမျိုးသမီး...။

နောက်တစ်နည်းဆိုရရင်..ကျန့်ကောရဲ့ ...မိန်းမ။

"ခဏလောက် အချိန်ပေးလို့ရမလား..စကားပြောချင်လို့"

"မရဘူး" လို့ ပိတ်ပြောချင်ပေမဲ့ Skate ကွင်းထဲထိ လိုက်လာပြီး ယဉ်ယဉ်ကျေးကျေး တောင်းဆိုနေတာမို့ ...ခြေဖျားနဲ့ဆက်ကနဲနင်းလိုက်လို့ ထောင်တက်လာတဲ့ Skateboard အဖျားကို ဆတ်ကနဲ ဖမ်းဆွဲကာ ခေါင်းညှိတ်ပြလိုက်တယ်။

စကားလုံးတွေနဲ့ ဖိနှိပ်အနိုင်ယူမယ်ဆိုလည်း..သူ့မှာ ဒီထပ်နာကျင်စရာမှ မရှိတော့တာ။

မသကာ ပါးရိုက်သွားလည်း ခံရရုံဟုသာ စိတ်ပိုင်းဖြတ်ရင်း..skatepark  ပတ်လမ်းက ခုံတန်းပေါ်  ထိုင်ချလိုက်တယ်။

" ကျန့်ကို တကယ် လက်လွှတ်ဖို့ ဆုံးဖြတ်ထားတာလား" တဲ့။

အဆီမငေါ်မေးလာတဲ့ မိန်းမကို မျက်လုံးပင့်ကြည့်လိုက်မိတယ်။

တကယ် လက်မလွှတ်ပဲ သူက ကိုယ့်ဘာသာ နာကျင်အောင် လုပ်နေရတာ ပျော်တဲ့သူပုံစံပေါက်နေလို့လား။

" ကျန့်က မင်းကို တကယ်ချစ်ခဲ့တာ"

ဘာမှ ပြန်မဖြေတဲ့ သူ့ကို တချက်ကြည့်ပြီး...ကွင်းထဲကို ခပ်လေးလေးကြည့်ကာ ဆက်ပြောတဲ့ စကားကို သူတစ်ခြမ်းစောင်း ပြုံးမိတယ်။

" ချစ်ခဲ့တာချင်းတူရင်တောင် ချစ်ကြတဲ့ပုံစံတွေ တူမနေဘူး" လို့ စိတ်ထဲကပဲ မှတ်ချက်ပြုတယ်။

ကောလည်း ကျနော့်လိုပဲ ချစ်ခဲ့တယ်ဆိုရင်တောင်ကျနော်က အချစ်ကို ဘဝနဲ့ရင်းပြီး ချစ်ပေမဲ့ ကောကတော့ ဘဝအတွက် အချစ်ကို ရင်းသွားတာလေ။

တဆိတ်လောက်။ ခင်ဗျားကရော ..ဘာအတွက် ကျနော့်ကို ဒီလိုတွေလာပြောနေရတာလဲ။

ဘဝနဲ့ ယှဉ်ပြီး ရွေးချယ်ခံရဖို့ ကျနော်က သိပ်ညံ့ဖျင်းအသုံးမဝင်တဲ့ အကြောင်းတွေကို သိစေချင်လို့လား။ဒါမှမဟုတ်....
" ကျန့်ကော တကယ်ချစ်ခဲ့တာ ငါပဲ" ဆိုတဲ့ အတွေးနဲ့ပဲ တစ်ဘဝလုံးစာကျေနပ်နေစေမဲ့ နှစ်သိပ်စကားလား။

 BLACK HOLE ‼️(Complete)Where stories live. Discover now