17

4.6K 413 25
                                    

သံသယ တွေက လူကို သေစေနိုင်တယ်တဲ့။

ဟုတ်တယ်။

ကျနော်က ကျနော့်သံသယနဲ့ ကျနော် ကိုယ့်ဘာသာ ပြန်သတ်နေမိပြီ။

ပွင့်ပွင့်လင်းလင်း မေးလိုက်ရင်..ပြီးနေတဲ့ ကိစ္စတစ်ခုကို စိတ်ထဲထည့်..လောင်မြိုက်နေရသလား...ဆိုရင်။

မကြားရဲလို့။

အမှန်အတိုင်း ဝန်ခံလာမဲ့ စကားလုံးတွေကို မကြားရဲသလိုပဲ...
လိမ်ညာပြီး ပြောပေးလာမဲ့ မုသာဝါဒတွေကိုလည်း ကြောက်လို့။

ရင်မဆိုင်ရဲတဲ့ သတ္တိမရှိတဲ့ သူက ကျန့်ကောနဲ့ ပတ်သက်လာရင် ခုလိုပဲ သူရဲဘောကြောင်တယ်။

အခုတလော...ကျန်ကောက တိတ်ဆိတ်လွန်းတယ်။
computer ရှေ့ထိုင်ကာ ဘယ်လောက်ကြာအောင် Game ဆော့နေပါစေ...အရင်လိုမျိုး

"မင်း..အဲဒီ့ game ကို ဖင်ထဲဝင်အောင် ထိုင်ဆော့နေ..ငါ့ကို စောက်ရေးမလုပ်နဲ့" ဆိုတဲ့ အသံမျိုးလည်း မကြားရလို..

" ခွေးပေါက်တွေက လူမအိပ်တဲ့ အချိန် အိပ်ကြတာလား"

ဆိုပြီး..နေ့လည်နေ့ခင်း..အိပ်ယာပေါ် တက်ကွေးနေတာတောင်...ကလိတွေလိုက်ထိုးကာ အိပ်မရအောင် လိုက်စနေတာမျိုးလည်း မရှိတော့ဘူး။

"လောင်ဝမ် ချက်ကျွေးတာ စားချင်တာ" မျိုးလည်း မကြားရတော့သလို..အနားမှာ တူတူရှိနေရင်လည်း...We Chat က noti သံ တစ်တင်တင်ကြားမှာ နစ်မျောနေတတ်တဲ့ ကောက ရိပေါ်နဲ့ တဖြည်းဖြည်း ပိုဝေးလာသလိုခံစားရတယ်။

ပြစ်ထားခံရပါ များလာတိုင်း..တွေးမိတာတစ်ခုကအချစ်က ဒီလိုပဲ ကြာရင် အေးစက်သွားကြတဲ့ အမျိုးလား ဆိုတာ။

" ကောက  ကျနော့်ကို ချစ်သေးရဲ့လား" လို့မေးချင်ပေမဲ့...

တချို့စကားလုံးတွေက ..ပြသာနာကို အစပျိုးမိသလို ဖြစ်မှာကြောက်တယ်။

ကောနဲ့ပတ်သတ်လာရင်...ကိစ္စတိုင်းက..ထိလိုက်ရင် ကြွေလွင့်သွားတော့မဲ့ မီးကျွမ်းစက္ကူတစ်ချပ်လိုပဲ။

အနီးဆုံးမှာ ရှိနေပြီး ရင်ဘတ်ချင်းဝေးကွာကြတဲ့အခါ...

 BLACK HOLE ‼️(Complete)Where stories live. Discover now