အခန်း (၄)/အခနျး (၄)

9.9K 1.2K 11
                                    

Zawgyi~

အခန်း (၄)

ဒီအရုပ်မလေးဟာ သူ့ကို ငရဲတွင်းထဲကနေ ကယ်တင်ပေးခဲ့သည့် နတ်သမီးလေးဖြစ်သည်။ သူမကို သူ့တစ်ဘ၀လုံးပုံအပ်ပြီး ကာကွယ်ဖို့အထိတောင် သူ့ကိုယ်သူ ကျိန်ဆိုထားခဲ့သည်။

တုလင်းလန်ဟာ သူ့ရဲ့လက်လွှတ်ခြင်းကို ခံလိုက်ရပြီးနောက်မှာ ချက်ချင်းဆိုသလို သူ့လက်ကို ပြန်ဆုပ်ကိုင်နိုင်ဖို့ ကြိုးစားတော့သည်။ သူ့ရဲ့ လက်ဖ၀ါးကြီးတွေကို ဆုပ်ကိုင်ထားရရုံဖြင့် ဘယ်သူမှ သူမကို ထပ်၍ မနာကြင်နိုင်တော့သလိုမျိုး၊ သူမရဲ့ အရုပ်လေးကို လုယူမသွားနိုင်တော့သလိုမျိုး၊ သူမဆံပင်ကို ဘယ်သူကမှ မဆောင့်ဆွဲနိုင်တော့သလိုမျိုး လုံခြုံမှုကို သူမခံစားနိုင်၍ဖြစ်သည်။

သူမ၍လက်ကို ပြန်ဆုပ်ကိုင်လေမလားလို့ လေထဲမြှောက်ထားသော်ငြား သူကတော့ ပြန်မဆုတ်ကိုင်ပေးတော့ပေ။ ဒီ့အတွက် သူမဟာ အမြဲငုံ့ထားခဲ့တဲ့ ခေါင်းလေးကို မော့လိုက်ချိန်မှာတော့ ထိုကောင်လေးဟာ ချစ်စရာကောင်းပြီး လှပလှတဲ့ နတ်သမီးလေးကို ချီပွေ့ထားတာကိုသာ မြင်လိုက်ရလေတော့သည်။

"ကိုကို..." သူမ တိုးတိုးလေးရေရွတ်လိုက်သည်။ ထိုနတ်သမီးလေးဆီကနေ သူ့ရဲ့ အာရုံစိုက်မှုကို သူမဆီ ပြန်ရောက်လာလိမ့်လေမလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ပေါ့။

ဟန်လော့ထင်း ပြန်လှည့်ကြည့်လာချိန်မှာ သူမ မျက်နှာလေးဆီက မျှော်လင့်ချက်ကို မြင်လိုက်ရသည်။ သူ့နှလုံးသားဟာလည်း လှုပ်ခတ်သွားရတာကြောင့် နတ်သမီးလေးကို လက်ပေါ်ကခဏချလိုက်သည်။ သူမကို သူ့အနားဆွဲခေါ်လိုက်ရင်း ပန်းရောင် အရုပ်လေးနှစ်ရုပ်ကို မျက်နှာချင်းဆိုင်ဖြစ်အောင် တွေ့စေလိုက်တော့သည်။

လုံဟူလေးဟာ သူမနဲ့ အရပ်အမောင်း ထပ်တူနီးပါးဖြစ်နေသော်ငြား သူမထပ်သိသာစွာ ပိန်ပါးလှသည့် မိန်းကလေးကို အနီးကပ်ကြည့်လိုက်မိသည်။ ထို့နောက်တွင်တော့ သူမရဲ့ မျက်လုံးတွေဟာ အရောင်တောက်လာရင်း တုလင်းလန်ကို ဆုပ်ကိုင်ထားဖို့ရာ အပြေးကလေးရောက်လာသည်။ 

"နင်က ဒီရှောင်ဟူနဲ့ အတူတူဆော့ဖို့ ရောက်လာတဲ့ သူငယ်ချင်းလေးမလား? ဟယ်လို... ရှောင်ဟူက နင့်ကို ကာကွယ်ပေးမှာ!!"

Who Allowed you to Get on the Bed? |Completed|Where stories live. Discover now