အခန်း (၃၅)/အခနျး (၃၅)

7.9K 867 21
                                    

Zawgyi~

အခန်း (၃၅)

သူ၏ စကားက လုံချောင်၏နှုတ်ခမ်းတို့ကို တည်တင်းသွားစေသည်။

 "မင်းသိလား? အရိပ်သက်တော်စောင့်တွေအားလုံးကို ချစ်သူမထားရဆိုတဲ့ စည်းကမ်းတောင် ငါထုတ်ချင်လာပြီ... မော့ဖေး ပြီးတော့ လင်းလန်... ပြီးတော့ မင်း... မင်းတို့တွေအကုန်လုံး ချစ်သွားကြတာနဲ့ ငါ့ဆီပြေးလာပြီး နှုတ်ထွက်တော့တာပဲ... ငါ့ ဘက်ကိုရော တွေးဖူးကြသေးရဲ့လား? ကောင်းကောင်းဆိုးဆိုး... ငါက မင်းတို့ကို အနည်းဆုံးတော့ ဆိုးဆိုးရွားရွားဆက်ဆံမနေဘူး... ဒါပေမယ့် မင်းတို့တွေကျတော့ ထွက်သွားချင်တယ်ပြော၊ ပြီးတာနဲ့ ထွက်သွားတော့တာပဲ... ငါ့ထက်သနားစရာကောင်းတဲ့သူ ဒီကမ္ဘာပေါ်မှာရော ရှိသေးလား? ..."

"လင်းလန်က လုံမန်ကို ပြန်မလာချင်ဘူး..." သူမ ဒါကို ထုတ်မပြောသော်ငြား... သူမတွင် လုံမန်နှင့်ပတ်သတ်၍ ရှုပ်ထွေးသည့် ခံစားချက်အချို့ရှိနေမှန်း သူခံစားမိသည်။ သူမတွင် ၀မ်းနည်းစရာ အမှတ်တရများစွာရှိပြီး ထိုအားလုံးက လုံမန်မှာဖြစ်ခဲ့သည်သာပင်။

သူမ မပြန်ချင်မှတော့ သူ သူမနှင့်အတူနေပြီး ပြန်တော့မည်မဟုတ်။

ထိုစကားထွက်လာချိန်တွင် လုံချောင် သွေးအန်လုမတတ်ပင်ဖြစ်သွားတော့သည်။ ထိုတခဏ၌ သူလည်း သူ၏ ချစ်ဇနီးကို မည်မျှချစ်ကြောင်း၊ ချစ်လွန်း၍ ဥပဒေတွေ ကျင့်ဝတ်တွေကိုတောင် လျစ်လျူရှုထားနိုင်ကြောင်းကို သူ မေ့နေခဲ့တာပင်။ 

"ငါ ခွင့်မပြုနိုင်ဘူး!! ဘာပဲဖြစ်ဖြစ်၊ မင်း ထွက်လို့မရဘူး! လင်းလန်ကို ဖြောင်းဖြပြီး ပြန်လာဖို့ နည်းလမ်းကိုပဲစဉ်းစားပေး၊ မဟုတ်လို့ကတော့ မင်းတို့နှစ်ယောက်လုံးကို ပြန်ခေါ်နိုင့်မယ့် သူတစ်ယောက်ယောက်ကို ငါရှာရမှာပဲ!!!"

ဒါက တကယ့်ကို ပရိယာယ်ပဲ! လုံချောင် သူ့ခံစားချက်တွေနာကြင်လာသလိုတောင် ခံစားလာရသည်... သူပြန်ပြီး သူ့ချစ်ဇနီးဆီမှာ အလိုလိုက်ခံဖို့နှင့် သူ့၏ စိတ်ထိခိုက်သွားသည့် နှလုံးသားလေးကို နှစ်သိမ့်ပေးတာခံချင်လာပြီဖြစ်သည်။

Who Allowed you to Get on the Bed? |Completed|Where stories live. Discover now