အခန်း (၃၁)/အခနျး (၃၁)

7.5K 919 7
                                    

Zawgyi~

အခန်း (၃၁)

ဟန်လော့ထင်း ဘာမှန်းမသိသော်ငြား သူ စိတ်ထဲတွင် အနည်းငယ် ကယ်ရာမဲ့သလိုခံစားနေမှုနှင့် မသိစိတ်ထဲမှ အလိုလို အသိပေးနေမှုက သူ့ကို ထပ်ကာ ထပ်ကာသာ တုန့်ဆိုင်းမိနေစေသည်။

"အကယ်လို့ တစ်ခုခုဖြစ်ရင်တောင်မှ မမလေးရှုကိုသွားရှာလို့ရတယ်မလား?" တုလင်းလန် သူ့ကိုဆက်၍သာ ဖြောင်းဖျနေသည်။ "အကိုလေး၃လည်း ရှင့်ကိုလိုတယ်... မမလေး၅ကို ပြန်ကယ်ဖို့လည်း ရှင့်ကိုလိုတယ်... ဒါ့ကြောင့် မြန်မြန်ပြန်သွားပါတော့..."

အချိန်တိုအတွင်းမှာပင် သူအရာအားလုံးကို ဆုံးဖြတ်ချက်ချရတော့သည်။ "ရှုကျားကို သွားနေပြီး ကိုယ်ပြန်လာတာစောင့်ပေး။" သူမက သူ့ကို စိတ်ချဖို့ ဖြောင်းဖျခဲ့သော်ငြား၊ ဒီမြို့ငယ်လေးသည် အမြဲတမ်းအေးချမ်းပြီး မြို့နေလူတို့သည် အမြဲကူညီတတ် စောင့်ရှောက်တတ်သော်ငြား... သူ စိတ်မချနိုင်သေးသည့်အတွက် သူမကို ရှုကျားကိုတော့ ပို့ရပေမည်။ (ရှုကျား= ရှုအိမ်တော်)

"အိုကေ... လင်းလန်ကတိပေးပါတယ်..." သူသွားလာရာမှာ အခက်အခဲမဖြစ်စေချင်သည့်အတွက် သူမ ကတိပေးလိုက်တော့သည်။

"လော့ထင်း... မကြာခင်ပြန်လာခဲ့နော်... ဒီမှာ ရတနာလေးနဲ့အတူ လင်းလန်စောင့်နေမယ်..." သူမ အပြုံးတစ်ခုနှင့်အတူ ဆိုလိုက်သည်၊ သူမကိုယ်သူမ တုန့်ဆိုင်းမိနေစေတာမျိုး နည်းနည်းလေးမှ မပြသလိုပေ။

ထိုကဲ့သို့သော အမူအရာကို ပြလိုက်မိသည်နှင့် သူလုံးဝ မသွားတော့မှာမှန်း သူမ သိနေသည်။ ဒီ့အတွက် သူ့ကို စိတ်ပူစေတာမျိုး ခက်ခဲစေတာမျိုး သူမ မလုပ်လိုပေ။

တုလင်းလန်၏ လက်ကိုသာ တင်းနေအောင် ဆုပ်ကိုင်ထားလိုက်ရင်း ဟန်လော့ထင်း ခေါင်းကို ငုံ့ကိုင်းလိုက်ကာ သူမ၏ နှဖူးပေါ်တွင် အမှတ်တရ အနမ်းတစ်ခုကို သတိတရ ခြွေချလိုက်တော့သည်။ "ကိုယ့်ကိုစောင့်နေ... တတ်နိုင်သမျှ စောစောပြန်လာခဲ့မယ်... မင်းဆီကိုရော... ရတနာလေးဆီကိုရော..."

သူပြန်လာသည့်အချိန်တွင် ချက်ချင်းဆိုသလို သူမကို တရားဝင်လက်ထပ်မည်ဖြစ်ပြီး သူမ၏ တရားဝင်ခင်ပွန်းဖြစ်လာတော့မည်။ ဒီအတွေးက အခုတလောတွင် သူ့ခေါင်းထဲ၌အမြစ်တွယ်နေတာဖြစ်ပြီး သူ့ရင်ဘတ်တစ်ခုလုံးကို အဖျားတတ်သလိုမျိုး ပူလောင်လာစေတော့တာဖြစ်သည်။

Who Allowed you to Get on the Bed? |Completed|Where stories live. Discover now