အခန်း (၃၆)/အခနျး (၃၆)

7.8K 864 8
                                    

Zawgyi~

အခန်း (၃၆)

တုလင်းလန် သက်ပြင်းကို အသာချရင်း သူ့ကိုမော့ကြည့်လိုက်ချိန်တွင် သူ့မျက်ခုံးတို့ တွန့်ချိုးနေသည်ကို မြင်လိုက်ရတော့သည်။ သူမကဲ့သို့ပင် လာရောက်နှောင့်ယှက်သည့်သူကို စိတ်မရှည်သည့် ခံစားချက်ဖြစ်နေပုံပင်။

တံခါးအကြိမ်အနည်းငယ်ခေါက်ပြီးသည့်နောက်တွင် တံခါးအပြင်ဘက်မှလူသည် သူမတို့၏ တုန့်ပြန်လာမှုကို စောင့်ဆိုင်းမနေတော့ပေ။ ထိုသူသည် တံခါးကို ဖွင့်ကာဝင်လာပြီး သူမတို့နှစ်ယောက် နီးကပ်စွာ ပွေ့ဖက်ထားသည်ကို တွေ့လိုက်ရတော့သည်။ ထိုသူ၏ မျက်ခုံးတို့ ပင့်တက်သွားပြီး ပါးနပ်စွာပင်ဘာအပြုအမူကိုမှ ထပ်မလုပ်တော့ပေ။

တုလင်းလန် ရှက်သွားပြီး ရုန်းတော့သည်။ သူမ အိပ်ယာပေါ်မှာသာ လှဲနေချင်သော်ငြား ဟန်လော့ထင်းကတော့ သူမကို ခွင့်မပြုလေပဲ "မဖိတ်ခေါ်ထားသည့် ထိုဧည့်သည်" ကိုသာ ဖော်ရွေခြင်းကင်းသည့် လေသံဖြင့် မေးခွန်းထုတ်လိုက်သည်။ "အကိုလေး ၃... ကိစ္စတစ်ခုခုရှိလို့လား?"

နူးညံ့သည့် အပြုံးတစ်ခုနှင့် လုံချောင်သည် သဘောကောင်းသည့် မျက်နှာအမူအရာ အမြဲရှိနေတတ်သည့်အတွက် သူ့အပေါ်ကို အခြားသူတို့ ကြောက်စိတ်တို့မဖြစ်ပေါ်စေပေ။ သို့သော် ဟန်လော့ထင်းကတော့ သူ့နှင့်အတူ နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ရသည့်အတွက် ဒီအမျိုးသားသည် တုလင်းလန်ဆီကို လူနာသတင်းမေးရုံလာခြင်းမဟုတ်လေမှန်း သိမြင်နိုင်နေသည်။ သူ့ထံတွင် အခြားရည်ရွယ်ချက်ရှိကိုရှိနေသည်။

"ဒါပေါ့... ငါ လင်းလန်ဆီလာလည်တာ..." လုံချောင်က ဆိုလိုက်သည်၊ လုံးဝကို အပြစ်ကင်းစင်သည့်ဟန်ဖြင့်။ "ငါလာလည်တဲ့ရည်ရွယ်ချက်က မင်းကို အရိပ်သက်တော်စောင့်တွေရဲ့ ခေါင်းဆောင်အဖြစ်ဆက်နေဖို့အတွက် လင်းလန်ကို ဖြောင်းဖျခိုင်းဖို့လည်းပါတာပေါ့..."

ဒါက မဖြစ်နိုင်။ ဟန်လော့ထင်းကို သူ့စကားနှင့် ထိန်းထားဖို့ဆိုတာ စိတ်ကူးယဉ်သက်သက်သာပင်!!

သို့သော် ဟန်လော့ထင်း တုလင်းလန်နှင့် ချစ်ကျွမ်းဝင်သွားချိန်တွင်တော့ သူ့စကားကိုနာခံဖို့ဆိုတာ ဖြစ်နိုင်သည့် အရာတစ်ခုဖြစ်လာတော့သည်။

Who Allowed you to Get on the Bed? |Completed|Where stories live. Discover now