အခန်း (၆)/အခနျး (၆)

9.8K 1.2K 51
                                    

Zawgyi~

အခန်း (၆)

သူ့လက်ဖ၀ါးဆီက အားသည် အထိန်းအကွပ်မဲ့နေသည့်အတွက် သူမ မျက်မှောင်ကျုံ့လိုက်မိသည်။

ဟန်လော့ထင်း သူ့လက်တွေကို ဖြေးညင်းစွာဖြေလျော့ပေးလိုက်သော်ငြား လွှတ်တော့မလွှတ်ပေးလေပဲ သူမလက်ကို ဆက်၍သာ ကိုင်ထားသည်။

"ဘယ်သူလဲ? တကယ်ပဲ မင်းကို ဘယ်သူက ထိခဲ့တာလဲ?" လောင်မြိုက်နေသည့် ဒေါသသည် သူ့ကို အကြောင်းပြချက် အားလုံးကိုလွတ်ထွက်သွားစေသည်။ ဒီ့အပြင် သူမ ခန္ဒာကိုယ်ပေါ်တွင် ကျိုးပဲ့နေသည့်အပိုင်းအစတွေလိုမျိုး တစ်စချင်းစီ hickey တွေ ချန်ထားခဲ့သည့် ထိုအမျိုးသားကို သူ ထုခြေဖျက်စီးပစ်ချင်လာသည်။

ဒီလောက် သူတစ်ခါမှ ဒေါသမထွက်ဖူးသည့်အပြင် ဒီလိုမျိုး ခံစားချက်ကိုတစ်ခါမှလည်း မတွေ့ကြုံဖူးခဲ့၊ သူသိသည့် တစ်ခုတည်းသော အရာကတော့ ဒီခံစားချက်ကို သူမုန်းတီးသည်ပင်။

သူမကတော့ စကားပင်မဆိုလေပဲ နှုတ်ခမ်းကိုသာ ကိုက်၍နေသည်။

သူကရော သူမကို ဘာပြောစေချင်သည်လဲ? သူမူးနေတုန်းမှာ သူမက သူ့ရဲ့ နတ်သမီးလေးအဖြစ်ဟန်ဆောင်ပြီး မိုးတွေတိမ်တွေပေါ်မှာလိုမျိုး သူနဲ့ တစ်ညတာလုံးလုံး အချိန်ကုန်ခဲ့ရသည်ဟု သူက ပြောစေချင်တာလား?

ဒါမျိုးဆိုရင်တော့ သူမ ပြောပြလိုက်ရမည့်အစား သေဖို့ကိုသာ ရွေးချယ်မှာပင်။

သူမ မှာ ပိုင်ဆိုင်တာ ဘာတစ်ခုမှ မရှိသည့်ဘ၀မှာ သူမရဲ့ နောက်ဆုံးသော သိက္ခာလက်ကျန်ကိုတော့ မဆုံးရှုံးသင့်တော့ပေ။

သူမ၏ ဆိတ်ဆိတ်နေမှုက သူ့ကို လုံးဝ ရူးသွပ်သွားစေသည်၊ သူ့လက်ဖ၀ါးဆီမှ အင်အားက ထိန်းမရတော့ပဲ ပို၍သာ အားကောင်းလာသည်။

"မင်းမပြောဘူးပေါ့? သူ့ကိုကာကွယ်ချင်ရုံနဲ့တင် မပြောဖို့ဆုံးဖြတ်ထားတယ်ပေါ့? ဒီလိုအခြေအနေမျိုးမှာတောင် မပြောပဲ ကာပေးနေရအောင် အဲ့ကောင်က ဘာတွေများ ကောင်းနေလို့လဲ?..."

သူမ၏ လက်ကောက်ဝတ်သည် ကျိုးတော့မလိုပင် နာကြင်၍လာသည်၊ သူမ မျက်ခုံးတွေဟာလည်း ပို၍သာ တင်းနေအောင် တွန့်ချိုးလာမိသော်ငြား သူမ စကားမဆို။

Who Allowed you to Get on the Bed? |Completed|Where stories live. Discover now