အခန်း (၂၇)/အခနျး (၂၇)

9.5K 881 19
                                    

Zawgyi~

Warning

အောက်ပါအကြောင်းအရာသည် ငယ်ရွယ်သည့် ကလေးများဖတ်ရန် မသင့်တော်ပါ။ အပိုင်း ၂၈လည်း smut scene မို့လို့ ကျော်ဖတ်ချင်ရင် ၂၉ မှလာဖတ်ပါနော်။

အခန်း (၂၇)

သို့သော် သူ မသေခဲ့ပေ၊ အဘယ်ကြောင့်ဆိုသော် ပြန်ပေးဆွဲခံရသည့် ဓါးစားခံလေးသည် သူမ၏ ဖခင်ကို အသနားခံလေရင်း သူ့ကို မသတ်ပစ်ဖို့ရာ တောင်းဆိုခဲ့၍ဖြစ်သည်။ အဆုံးသတ်တွင်တော့ သူသည် အသက်မဆုံးရှုံးခဲ့ရုံမျှမက အရိပ်သက်တော်စောင့်တစ်ဦးပါ ဖြစ်လာခဲ့ရတော့သည်။ သူ့အသက်ကို ကယ်ခဲ့သူမှာ လုံဟူဖြစ်ပြီး ညစ်နွမ်းသည့် ဘ၀ကနေ သူ့ကို ခေါ်ထုတ်ခဲ့သည့် အတွက် သူ သည်လုံဟူကို အင်မတန်မှအရေးပါသူအဖြစ် သတ်မှတ်ရမည်ဖြစ်သည်။

လုံဟူအတွက် သူသည် ကျေးဇူးသိတတ်ရမည်ဖြစ်ပြီး သူနှလုံးသားတစ်ခုလုံးသည် ကျေးဇူးတရားတို့ကို သယ်ပိုးနေရသည်။

တုလင်းလန်အတွက်ကတော့ သူ့နှလုံးသားသည် အချစ်တို့ကိုသာ သယ်ပိုးနေတော့မှာဖြစ်သည်။

သူ့ဘ၀ဇာတ်ကြောင်း အကြမ်းဖျဉ်းကို နားထောင်ပြီးနောက်တွင်တော့ တုလင်းလန်သည် အရမ်းကို စိတ်ပူပန်သွားရတော့သည်။ သူမသည် နောက်ပိုင်းတွင် မိဘမဲ့ဖြစ်လာခဲ့ရသော်ငြား၊ ကောင်းမွန်လှသည့် ကလေးဘ၀ရှိခဲ့သလို ထိုကလေးဘ၀နှင့်ပတ်သတ်၍ လည်း ကောင်းမွန်လှပသည့် မှတ်ဥာဏ်တို့ရှိနေခဲ့သေးသည်။ သို့သော် ဟန်လော့ထင်းကတော့ ရက်စက်ပြီး ၀မ်းနည်းစရာ မှတ်ဥာဏ်တို့ကိုသာ ရှိခဲ့ရတာဖြစ်သည်။ ထို့အပြင် အခုထက်ထိလည်း လုံဟူအပေါ်ထားသည့် သူ့ခံစားချက်တို့ကို သူမ တောက်လျောက် အထင်လွဲနေခဲ့တာဖြစ်သည်။

သူ တကယ်လုံဟူကို မချစ်ပေ။ သူချစ်သည်က သူမ တုလင်းလန်သာဖြစ်သည်ဟု သူပြောနေပြီ။

နှလုံးသားသည် ပြင်းထန်စွာ လှုပ်ခတ်၍နေပြီး ဒီတစ်ကြိမ်လှုပ်ခတ်မှုသည် သူ့ကြောင့်ဖြစ်ရသည့် စိတ်လှုပ်ရှားမှုကြောင့်ပင်။

"အခု ကိုယ့်မှာ မင်းရှိနေပြီ..." နူးညံ့မှု၊ ညင်သာမှုတို့ဖြင့် ပြည့်လျှံနေသည့် အရည်လဲ့နေသော သူမ၏ မျက်ဝန်းတို့ကို သူကိုင်းညွတ်ကာ ကြည့်လိုက်ပြီး လက်လှမ်းလိုက်ကာ သူမကို သူ့လက်မောင်းတွေကြားထဲ ဖက်ထားလိုက်ရင်း... "ကိုယ့်မှာ မင်းရှိနေပြီ..." သူ့ကိုယ်သူရော၊ သူမကိုပါပြောနေသလိုမျိုး သူပြောလိုက်သည်။

Who Allowed you to Get on the Bed? |Completed|Where stories live. Discover now