အခန်း (၁၉)/အခနျး (၁၉)

8.9K 1.1K 31
                                    

Zawgyi~

အခန်း (၁၉)

Helicopter ၏ အသံတဖြေးဖြေးချဉ်းကပ်လာသည့်တိုင် ယန်မော့ဖေးဘာကိုဆိုလိုလေမှန်း တုလင်းလန် တော်တော်နှင့် နားမလည်သေး။ မြေပြင်ပေါ်ဆိုက်တော့မည့် Helicopter ပေါ်မှ လူတစ်ယောက်သည် ခုန်ချလာလေသည်။ ထိုသူ မြေပေါ်တွင် မတ်မတ်ရပ်လိုက်သည်နှင့် သူမ မျက်လုံးသူငယ်အိမ်တို့ ကျုံ့သွားသည်နှင့်အတူ သူမကိုယ်လည်း တောင့်ကနဲဖြစ်သွားရတော့သည်။

ရင်းနှီးနေကျ ထိုအရပ်အမောင်း၊ ထိုမျက်လုံးတွေသည် ဟန်လော့ထင်းမှမဟုတ်လျှင် ဘယ်သူဖြစ်ပါဦးမည်နည်း?

ထိုသူသည် ခြေလှမ်းကျဲကြီးများနှင့်အတူ သူမဆီလျှောက်လာပြီး သူမရှေ့တွင် ရပ်လာသည်။ စူးရှသည့် မှင်နက်ရောင် မျက်ဝန်းတစ်စုံသည် အထက်အောက် စုံဆန်ကြည့်လေကာ သူမမှာ လက်တွေ လျော့နေသလား ခြေထောက်တွေ ရှိမနေတော့ဘူးလားကို စစ်ဆေးနေလေရင်း သူမ၏ စူနေသည့် ၀မ်းဗိုက်လေးကိုပါ အတန်ကြာ ငေးကြည့်ပြီးနောက်တော့မှ သူမ နံဘေးတွင် ရှိနေသည့် ယန်မော့ဖေးကို ကြည့်လာသည်။

ဟန်လော့ထင်းဘာကိုမှ မလုပ်ရသေးခင်မှာပင် ယန်မော့ဖေးသည် လက်ထဲက အထုတ်တွေကို ချက်ချင်းမြှောက်လိုက်သည်။ "ငါ့လက်ထဲက အထုတ်တွေက လင်းလန်စားဖို့... ပစ်ချလိုက်စေချင်လို့လား?"

မှင်ရောင်မျက်ဝန်းတို့က အန္တရာယ်ရှိစွာ မှေးစင်းသွားလေပြီးနောက်တွင်တော့ ယန်မော့ဖေးလက်ထဲက အထုတ်တွေကို သူလုယူလိုက်ရင်း တုလင်းလန်နံဘေးတွင် ချက်ချင်းဆိုသလို ၀င်ရပ်လိုက်သည်။

တုလင်းလန် မျက်ခုံးပင့်လိုက်ပြီး အနည်းငယ်ယုံရခက်သည့် ဟန်လော့ထင်းကို စိုက်ကြည့်နေမိသည်။ အနက်ရောင် Suit ၀တ်စုံပြည့်ဖြင့်သူသည် လက်ထဲတွင်တော့ ပလတ်စတစ် အိတ်ပေါင်းစုံကို ကိုင်ထားသည်... ဒီပုံစံကိုကြည့်ရသည်မှာ အရမ်းကို ကမောက်ကမ နိုင်လွန်း၍နေသည်မဟုတ်ပါလား?

"ဘယ်မှာနေတာလဲ?" သို့သော်သူကတော့ အနည်းငယ်မျှပင် ထူးဆန်းနေသည့်ပုံမပေါ်။ သူမကိုကြည့်ပြီး အေးအေးဆေးဆေးပင် မေးလိုက်သေးသည်။ သူဆိုလိုသည်က ရှင်းသည်။ သူမအတွက် အထုတ်အပိုးတွေကို အိမ်အထိသယ်သွားပေးချင်တာဖြစ်ပြီး သူမ အိမ်ကိုရောက်လျှင် သူဘာလုပ်မည်ကိုတော့ တုလင်းလန်မသိပေ။

Who Allowed you to Get on the Bed? |Completed|Where stories live. Discover now