အခန်း (၁၄)/အခနျး (၁၄)

9.2K 1.2K 24
                                    

Zawgyi~

အခန်း (၁၄)

"ဘာ? ..."
ဟန်လော့ထင်း ဒါကို မမျှော်လင့်ထားခဲ့... ဓါးနှစ်လက်သဏ္ဍာန် သူ့၏ မျက်ခုံးနှစ်ဖက်တို့က တင်းကြပ်စွာကျုံ့ဝင်သွားသည်နှင့်အတူ သူ့မျက်နှာအမူအရာက ပို၍ ကြောက်စရာကောင်းလာတော့သည်။

"ဟုတ်တယ်! ပြီးတော့ မင်းကိုအရမ်းအလျင်မလိုဖို့ ငါအကြံပေးမယ်... သူ အခု တိတ်တိတ်ဆိတ်ဆိတ်နဲ့အနားယူဖို့လိုနေတာ... သူ့မှာ ကိုယ်ဝန်ရှိနေမှန်း သိပြီဟုတ်? သူအခု ဒေါသထွက်လို့မရဘူး... ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေ လုပ်မရဘူး မဟုတ်ရင် နောက်တစ်ခါ သူ့ဗိုက်ထဲက ကလေးကို ငါအာမခံနိုင်မှာမဟုတ်ဘူး..."

ခန့်မှန်းမိသည်က တစ်ချက်... ကောင်းကျန်းဝမ် ပါးစပ်မှ ထွက်လာသည့် သက်သေကတစ်ချက်... ကြီးမားလှသည့် ရိုက်ချက်က ဟန်လော့ထင်းကို မတ်မတ်မရပ်နိုင်လောက်အောင် ဖြစ်စေသည်...
"သူက ကလေးကို မွေးချင်တာလား?"

"ဒါပေါ့... ကလေးကိုသူ တအားလဲချစ်ပုံပဲ... ဘယ်လောက်တောင်လဲဆိုတော့ အရိပ်သက်တော်စောင့်ဖြစ်နေတာတောင်မှ မသင့်တော်တော့ဘူးလို့ ထင်တဲ့အထိ ချစ်နေတာ..."

ကောင်းကျန်းဝမ်၏ စကားတို့က လေးစားစရာကောင်းသော်ငြား ထိုစကားတွေက ဟန်လော့ထင်း နားထဲတွင်တော့ အင်မတန်မှာ နာကြင်စေသည့်အရာဖြစ်လို့နေသည်။

ကလေးအဖေအပေါ်ချစ်သည့် စိတ်ကြောင့်သာမဟုတ်လျှင် အရိပ်သက်တော်စောင့်ဖြစ်ရခြင်းအပေါ် မသင့်တော်လေဘူးလို့ သူမ ဘယ်လိုများ သေချာနိုင်ပါ့မလဲ?
မိသားစုတစ်ခုပိုင်ဆိုင်ဖို့၊ သူမ ငယ်ငယ်တုန်းကလိုမျိုး ကလေးလေးတစ်ယောက်ရှိသည့် မိသားစုဆိုသည်က သူမ အမြဲအိမ်မက်မက်ခဲ့ရတာလေ...
သူဒါကို သေသေချာချာပင် ကောင်းစွာ နားလည်လှသည်။

ထိုအမျိုးသားကို သူမ အရမ်းချစ်သည်...
ဒါပေမယ့် ထိုသူက အခုထိတောင်ပေါ်မလာသေးတဲ့အချက်ကိုကျတော့ ဘယ်လိုမျိုး ထည့်တွက်ရမည်လဲ?
အသုံးမကျလိုက်သည့် အယုတ်တမာကောင်ကို သူမ ဒီလောက်တောင်ကာကွယ်ပေးဖို့ ဘယ်မှာများ ထိုက်တန်နေလို့လဲ?
ဒါတောင်မှ သူမက အသက်ပေးပြီး ချစ်နိုင်သည်တဲ့လား?

Who Allowed you to Get on the Bed? |Completed|Where stories live. Discover now