Zawgyi~
အခန်း (၂၉)
တုလင်းလန် အသိလွတ်နေရမှ နိုးထလာချိန်တွင် မျက်လုံးတို့ကို စတင်ကာ ဖွင့်လိုက်မိသည်။ မသိလိုက်ချိန်မှာပင် သူမ နံဘေးမှသူ့ကို မှီရန်လှည့်လိုက်သော်ငြား အိပ်ယာပေါ်မှ အေးစက်စက်အထိအတွေ့ကိုသာ မမျှော်လင့်ပဲ စမ်းမိသွားတော့သည်။ ထိတ်လန့်စွာဖြင့် ခေါင်းကို လှည့်လိုက်ပြီး အိပ်ယာပေါ်မှ ဗလာဖြစ်နေသည့် တစ်ဖက်ခြမ်းကို ငေးကာကြည့်နေမိသည်။ ဟန်လော့ထင်း ဒီမှာရှိမနေဘူး!
သူမ နှလုံးသားသည် ကြောက်ရွံ့စိတ်တို့နှင့်အတူ ပြင်းထန်စွာတင်းကြပ်လာပြီး သူမ အိပ်ယာထလိုက်ရင်း အိမ်စီးဖိနပ်ကိုတောင်ဝတ်ဖို့ အချိန်မရှိတော့ပေ။ အိပ်ယာထဲမှ ထွက်လာပြီး သူဘယ်ထွက်သွားသည်ကိုသာ ရှာတော့သည်။
မျက်လုံးဖွင့်လိုက်သည်နှင့် သူ့ကိုမြင်ရသည်မှာ ကျင့်သားရနေပြီဖြစ်သည်။ သူ့ကို အခုလိုမျိုးမတွေ့ရချိန်တွင် သူမ မတွေးတတ်လောက်အောင်ပင် ထိတ်လန့်သွားတော့မိမှာဖြစ်သည်။ သူမ စိုးရိမ်နေသည်က ဒီရက်တွေထဲက ချိုမြိန်မှုအားလုံးတို့သည် တကယ်တမ်းက သူမကိုယ်တိုင်၏ စိတ်ကူးယဉ်အိမ်မက်ဖြစ်နေမှာကိုပင်။
အကယ်၍သာ ဤအရာအားလုံးတို့က အိမ်မက်ဖြစ်နေခဲ့လျှင် ဒါသည် သူမအတွက်တော့ တကယ့်ကိုပင် ရက်စက်တာဖြစ်လိမ့်မည်။
ဟန်လော့ထင်းကို မီးဖိုချောင်ထဲသို့တိုင် သွားရှာနေမိသည့်အချိန်တွင် တုလင်းလန် မောပန်းလာပြီဖြစ်သည်။ သူမ၏ ခြေထောက်တို့သည် မရပ်နိုင်လောက်အောင်ပင် ပျော့ခွေ၍ လာနေပြီ။
ခြေသံအချို့ကိုကြားလိုက်ရချိန်တွင် ဟန်လော့ထင်း လှည့်ကြည့်လာသည့်အခါ သူမ၏ ထိတ်လန့်ပြီး စိုးရွံ့နေသည့် ပုံစံကိုရော၊ ခြေဗလာဖြစ်နေသည့်အခြေအနေကိုပါ တွေ့လိုက်ရတော့သည်။
"ဘာဖြစ်လို့လဲ?" တုလင်းလန်ရှိရာကို လျှောက်သည့်အချိန်တွင် သူ့ မျက်ခုံးတို့ကို တွန့်ချိုးမိလိုက်သည်၊ သူမကို ကောက်ကာပွေ့လိုက်ရင်း ဧည့်ခန်းထဲက ဆိုဖာဆီသို့ လျှောက်လာလိုက်သည်။ "အိမ်စီးဖိနပ်လဲမစီးဘူး... ကုတ်အကျီင်္ကရော ဘယ်မှာတုန်း? ဘာလို့ ၀တ်မထားတာလဲ? မင်း အအေးမိသွားရင် ကိုယ်ဘယ်လိုလုပ်ရမှာလဲ?" သူ့လေသံက အနည်းငယ် အပြစ်တင်သံစွက်နေသည်။ အန္တရာယ်များသည့်ခြေအနေကို သတိမမူပဲ ပြုမူနေမှုအပေါ် သူ မကျေမနပ်ဖြစ်လို့နေသည်။
YOU ARE READING
Who Allowed you to Get on the Bed? |Completed|
RomanceMy 2nd Pick for translation... Hope u'll like it. Translation completed...