Zawgyi~
အခန်း (၅)
တုလင်းလန်သည် အိပ်ယာပေါ်မှာ လဲလျောင်း၍နေသည်။ သူမ၏ ခန္ဓာကိုယ်သည် အင်မတန်မှ နာကြင်နေသေးသော်ငြား တော်တော်လေးတော့ သက်သာလာပြီဖြစ်သည်။
တံခါးခေါက်သံတစ်ချက် ရုတ်တရတ်ပေါ်ပေါက်လာချိန်တွင် သူမ အနည်းငယ် တုန်သွားမိသည်။ ညဘက် ၁၀နာရီကျော်ချိန်မှ ဘယ်သူကများ သူမဆီလာတာပါလိမ့်။
ည၀တ်အကျီင်္ကို ၀တ်ရင်း ဆံပင်ရှည်တွေကို ပုခုံးတွင်စုကာချထားလိုက်ပြီးနောက် တံခါးရှိရာကို ခြေဗလာနှင့်သွားလိုက်ကာ ဖွင့်လိုက်တော့သည်။
တံခါးအပြင်တွင် ရပ်နေသူသည် ဘယ်လိုမှမထင်မှတ်ထားသည့်သူဖြစ်နေသည့်အတွက် သူမ တခဏမျှ ကြောင်အနေမိသော်ငြား တခဏလေးပင်။ ထို့နောက်တွင်တော့ သူမ စိတ်ကို တင်းလိုက်ရင်း ခေါင်းကို လေးစားစွာ ဦးညွှတ်လိုက်တော့သည်။
"ခေါင်းဆောင်..."
ဒီအချိန်မှ သူမကို လာရှာရလိမ့်မည်ဟု ဟန်လော့ထင်းကိုယ်တိုင်လည်း မတွေးထားခဲ့မိ။ တကယ်တွေ့တော့လည်း ဘာမှ မပြောနိုင်။ တုလင်းလန်ရဲ့ စကားကိုသာ လုံဟူနားထောင်မှန်း သူ သိသည်။ ဒါကြောင့်မို့သာ လုံဟူကို ဖျောင်းဖြရမည့်အခါတိုင်း သူမကိုလာရှာခြင်းသည်သာ တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။
သို့သော်ငြား ပုံမှန်တွေ့ဖူးနေကျ အနက်ရောင် မှောင်မှိုင်းမှိုင်း အ၀တ်အစားတွေအစား ခပ်ပါးပါး ည၀တ်အကျီင်္နှင့် တုလင်းလန်ကို တွေ့ရလိမ့်မည်လို့တော့ သူဘယ်တုန်းကမှ မတွေးထားမိခဲ့။ ပန်းရောင် ည၀တ်အကျီင်္ ပါးပါးလေးကိုသာ သူမ ၀တ်ထားလေပြီး အင်မတန်မှ အားနည်းနေသည့်ပုံလည်း ပေါ်နေသေးသည်။
ထိုတခဏတွင်တော့ လွန်ခဲ့သည့် ၁၅နှစ်တုန်းက အင်မတန်မှ အားနည်း၊ သေးငယ်ပြီး ပါးလျလွန်းသည့် တုလင်းလန်ကို သူပြန်တွေ့လိုက်ရသလိုမျိုး ခံစားမိလိုက်ရသည်။
ထိုတုန်းကတော့ သူမလေးသည် သူ့လက်ကိုအမြဲဆုပ်ကိုင်ထားရင်း သူဘယ်သွားသွား အမြဲတမ်း တကောက်ကောက်လိုက်ခဲ့သော်ငြား၊ အလိုက်လည်း အင်မတန်သိသည်။ သူအရမ်း အလုပ်ရှုပ်နေသည့်အခါမျိုးတွေဆို သူမဘယ်တုန်းကမှ သူ့ကို မနှောင့်ယှက်ခဲ့။ သူမရဲ့ ပန်းအိုးလေးတွေကို ဂရုစိုက်နေတာမျိုး၊ ကိုယ်ခံပညာအသစ်တွေကို လေ့ကျင့်နေတာမျိုး၊ သူမ ရဲ့ကိုယ်ပိုင်ပစ္စည်းလေးတွေကို ဂရုစိုက်နေတာမျိုးကိုသာ လုပ်နေတတ်သည်။
YOU ARE READING
Who Allowed you to Get on the Bed? |Completed|
RomanceMy 2nd Pick for translation... Hope u'll like it. Translation completed...