Part 1

64.8K 3.8K 90
                                    

ဒုန်း!

ဟူသော တံခါးတွန်းကန်ဖွင့်သံနှင့်အတူ

"မင်းတို့တွေဒါလေးတောင်အဖြစ်ရှိအောင်မလုပ်နိုင်ကြဘူးလား! .... ဟမ်!"

"တောင်း တောင်းပန်ပါတယ် boss ..... ကျွန်တော် ကျွန်တော်တို့ ...."

"တိတ်စမ်း!! မင်းတို့တွေဆင်ခြေတွေချည်းပဲ ဒီတစ်ခါလေလံရှုံးတာ ဘယ်လောက်ထိဆုံးရှုံးမှုကြီးလဲ မင်းတို့သိကြလား .... ဟမ်! ပြိုင်ဘက်companyလက်ဦးမှုယူသွားတယ်ဆိုတာ မင်းတို့သောက်သုံးမကျလို့ဖြစ်တာကွ!!"

ခွမ်း! ဒုံး!

အော်ဟစ်နေရင်း ပြောနေရင်းနဲ့ ဒေါသအလျောက် ပစ္စည်းတွေရိုက်ခွဲပစ်တာ စားပွဲပေါ်မှာရှိတဲ့စာရွက်စာတမ်းတွေ၊ ပန်းအိုး၊ laptopနဲ့ ဖုန်းတွေပါ စားပွဲအောက်မှာနေရာတကျပြန့်ကျဲ။ လက်ထဲရှိဖုန်းကိုနံရံဆီသို့ပစ်ပေါက်သံက ရှေ့မှာရပ်နေကြတဲ့ မန်နေဂျာ၊ ဌာနမှူးနဲ့ အတွင်းရေးမှုးအားလုံးကိုတုန်တက်သွားစေသည်ထိ။

"ထွက်သွားတော့! အားလုံးထွက်သွားကြတော့! ဘယ်သူ့ကိုမှမမြင်ချင်ဘူး! ငါလူသတ်မိလိမ့်မယ်!"

"ဟုတ် ဟုတ် ဟုတ်ကဲ့ပါboss"

ဆိုပြီး စကားအထစ်ထစ်နဲ့ ကြောက်လန့်စွာထွက်သွားကြပြီးနောက်မှာ

"အား .... အား .... ဟာကွာ!!"

ဖုန်း! ဒိုင်း! ဂွမ်း!

စသည့်ဆူညံသံအဖုံဖုံတို့က ရုံးခန်းထဲကနေ bossတစ်ယောက်ရဲ့ဒေါသပေါက်ကွဲနေမှု၏ ပြယုဂ်။ အပြင်မှာတော့ မန်နေဂျာမလေးက

"ဒေါသကြီးလိုက်တာbossက"

"ဟာ တိုးတိုးပြောစမ်းပါ bossကြားသွားရင် နင့်ကိုလာသတ်နေအုံးမယ်"

ဆိုပြီး တီးတိုးပြောနေကြ၏။

ဟုတ်ပါသည်။ ဒေါသကြီးပါသည်။ ဒေါသထွက်လာရင်သွေးဆိုးတတ်ပါသည်။ သွေးဆိုးလာရင်စိတ်မထိန်းနိုင်ပဲ မဲမဲမြင်ရာဝှေ့တတ်သလို ရှိရှိသမျှပစ္စည်းအကုန်လုံးပစ်ပေါက် ရိုက်ခွဲတတ်သည်။ ‌ဒေါသတကြီးအော်ဟစ်တတ်သလို နံရံနဲ့လက်သီးမကြာခဏမိတ်ဆက်လေ့ရှိသည်။ ထိုသူသည် Silver Groupရဲ့ CEOဦးဘုန်းမြင့်မြတ်။ စီးပွားရေးလောကမှာတော့ ဦးဘုန်းဆိုရင်မသိတဲ့သူရှားသည်။ မြန်မာပြည်မှာသာမက နိုင်ငံရပ်ခြားထိဦးဘုန်းပိုင်ဆိုင်မှုတွေကများလှသည်။ ဘန်ကောက်၊ စင်ကာပူ၊ ရှန်ဟိုင်းအထိ ဦးဘုန်းရဲ့လုပ်ငန်းတွေအောင်မြင်လှသည်။ ဦးဘုန်းရဲ့ Silver Groupက ဟိုတယ်လုပ်ငန်းအပြင် ဟိုတယ်နဲ့အတူစားသောက်ဆိုင်လုပ်ငန်းကိုလည်းပူးတွဲချဲ့ထွင်တာ တဟုန်ထိုးအောင်မြင်သည်။

Stolen LoveWhere stories live. Discover now