Part 12

23K 1.9K 57
                                    

Silver Groupရဲ့ CEOရုံးခန်းအတွင်းမှာ ဟိုတယ်အသစ်ဆောက်ဖို့မြေနေရာအတွက် အင်တာနက်ကနေ ဦးဘုန်းတစ်ယောက် လေလံဆွဲနေသည်။

အထက်တန်းအဆင့်မြင့် လူကုံထံသူဌေးလုပ်ငန်းရှင်တွေသာ ဝင်ရောက်လေလံဆွဲခွင့်ရှိတဲ့ နိုင်ငံတွင်းအကြီးမားဆုံးနဲ့ အလုံခြုံဆုံး Internet Auctionကြီးဖြစ်သည်။

Bankနဲ့ချိတ်ဆက်ပြီး လေလံဆွဲရတဲ့တရားဝင်ပွဲကြီးမို့လို့ အင်မတန်မှအရေးပါပြီး အဖိုးတန်တဲ့ပွဲကြီးဖြစ်သည်။

"That's point"

ပီတိလွှမ်းခြုံကာပျော်နေတဲ့ဦးဘုန်းတစ်ယောက် နောက်ဆုံးတော့

"Okay Got it!"

သီလဝါစက်မှုဇုန်တွေရဲ့အနောက်ဘက်က မြေကျယ်မှာ ဟိုတယ်ဆောက်ဖို့အတွက် ဦးဘုန်းလေလံအောင်သွားခဲ့ပြီ။

ထိုစဉ် စိုင်းနောင်တစ်ယောက် အခန်းတံခါးတောင်မခေါက်နိုင်ဘဲ အရေးတကြီးဝင်လာသည်။

"Boss စက်ရုံကိစ္စသစ္စာဖောက်ကိုဖမ်းမိပါတယ် .... နယ်စပ်ချင်းရွှေဟော်ဘက်မှာထွက်ပြေးဖို့ကြိုးစားနေတုန်းမိလိုက်တာပါBoss"

"ဟက် နောက်ဆုံးတော့မိပြီပေါ့ မြို့ပြင်ကဂိုဒေါင်မှာထားလိုက် .... မနက်ဖြန်မှစာရင်းရှင်းမယ်"

"ဟုတ်ကဲ့Boss"

စိုင်းနောင်ထွက်သွားပြီး ဦးဘုန်း အိမ်ကိုဖုန်းဆက်လိုက်သည်။ နေ့တိုင်းဆက်ဖြစ်ပါသည်။ ဒါပေမယ့် ဒီနေ့တော့3ခါမြောက်ဆက်ခြင်း။ ကလေးကိုသတိရနေတာအတိုင်းအဆမရှိလေ။ လေလံအောင်တော့ ပျော်နေတာလည်းပါတာပေါ့။

Ring Ring

"Hello"

"ဒေါ်ကြီးစိုး ကလေးရော"

ဦးဘုန်းအသံကြားလိုက်တော့ ဒေါ်ကြီးစိုးမျက်လုံးပင်ပြူးသွားသည်။ ဒီနေ့တွင်းဆက်နေတာ3ခါရှိပြီလေ။

"...."

"ဒေါ်ကြီးစိုး ကလေးရောလို့ကျွန်တော်မေးနေတယ်လေ"

"ဟင် ဪ ညရောင်လေးက TVကြည့်နေတယ်သားဘုန်း"

"ဖုန်းပြောချင်လို့ ခေါ်ပေးပါ"

"အင်း အင်း သားဘုန်း"

ဒေါ်ကြီးစိုးက ညရောင်ရှိရာဧည့်ခန်းဘက်ကို ခေါင်းစောင်း၍ အော်ခေါ်လိုက်သည်။

Stolen LoveWhere stories live. Discover now