Part 31

15K 1.2K 54
                                    

ဘယ်သူ့ကိုမှမချစ်ဘူးသေးတဲ့နှလုံးသားတစ်စုံကို ကျွန်တော်အပိုင်ရထားတယ် ....

ဘယ်သူ့ကိုမှချစ်တယ်မပြောသေးတဲ့နှုတ်ခမ်းတစ်စုံကို
ကျွန်တော်နမ်းရှိုက်ခွင့်ရတယ် ....

ဒါ့ကြောင့်လည်း သေကွဲလည်းမကွဲချင်သလို၊ ရှင်လျက်နဲ့ဝေးတာမျိုးလည်း မလိုလားဘူး ....

လမင်းကြီးဘယ်လောက်သာသာ အချိန်တန်ရင်ပျောက်ကွယ်ရစမြဲဖြစ်ပေမဲ့ ကျွန်တော် သူ့အပေါ်ထားတဲ့ချစ်ခြင်းမေတ္တာတွေကတော့ ကမ္ဘာအဆက်ဆက်တည်မြဲနေမှာ။

"ကလေး .... စာမေးပွဲနီးတော့ ရွှေတိဂုံဘုရားမှာအောင်မြေသွားနင်းရအောင်"

"အောင်မြေ အောင်မြေဆိုတာဘာလဲ"

"ဒီမြန်မာနိုင်ငံမှာ အောင်မြေရှိတဲ့နေရာငါးနေရာရှိတယ် ရွှေတိဂုံဘုရားအပါအဝင်ပေါ့ .... အရေးကြီးကိစ္စတွေဆိုရင် အောင်မြေမှာပွဲထိုးပြီးလှူဒါန်းရင်အောင်မြင်တယ်တဲ့"

ဪ ဟုတ် အဲ့ဒါဆိုရင်သွားကြမယ်လေ"

"ဒါဆို မနက်ကျရင်စောစောလေးသွားရအောင်"

မနက်ကျရင်စောစောထရမှာမို့ ကလေးကိုစောစောအိပ်စေပြီး ဦးဘုန်းပါစောစောအိပ်လိုက်သည်။

ဘယ်လောက်ပဲ Mr.Bဖြစ်ဖြစ်ပါ၊ ဘုရားလည်းသိ၊ တရားလည်းသိဆိုတော့ ဦးဘုန်းလိုလူမျိုးရှားလိမ့်မည်။

###

မနက်မိုးလင်းဝေလီဝေလင်းအချိန်။ နေတောင်မပြူသေး။ အနည်းငယ်ဝင်းစပြုနေတဲ့ကောင်းကင်ကြီးကတော့ မြူနွယ်တွေရစ်နေသေး၏။

"ကလေးရေ ထတော့ ထတော့"

"အင်း ...."

အသံစွဲကာဖြေတဲ့ညရောင်ကတော့ ကလေးပီပီအအိပ်စက်နေတာ။ တော်ရုံနဲ့မထချင်လေ။

"ကလေးရေ ထပါနော် .... ဘုရားသွားကြရအောင်လေ"

"အင်း .... ဟင် ..... ငါး .... မိနစ် .... ပဲ .... ဆက်အိပ်မယ်"

ညရောင်ရဲ့ချစ်စဖွယ်အမူအရာတွေကိုကြည့်ပြီး ဦးဘုန်းရဲ့မနက်ခင်းစိတ်အခြေအနေက‌ မြူးဟုန်လို့နေသည်။

"ကလေးရေ မထဘူးလား"

"....."

အဖြေပေးသံတောင်မလာတော့တဲ့ညရောင်ကို ဦးဘုန်းက တောက်လျှောက်kissထိုင်ပေးနေသည်။ ညရောင်လည်း ပြူးပြူးပြာပြာနဲ့ထထိုင်ကာ

Stolen LoveWhere stories live. Discover now