Part 39

12.1K 1.1K 49
                                    

.... တစ်ယောက်တည်းသာ မင်းတစ်‌ယောက်တည်းကိုချစ်တာ၊ တစ်ယောက်တည်းသာ မင်းတစ်ယောက်တည်းမြတ်နိုးတာ ....

"ကလေးရေ ဦးစိတ်ပူလှပြီကွာ"

ဦးဘုန်းရင်တွေမီးစနဲ့ထိုးသလို ပူလောင်နာကျင်နေရသည်။ သူ့အသက်ကလေးပျောက်နေခြင်းက သူ့ဘဝရဲ့လမ်းစပျောက်နေခြင်းနဲ့ အလားသဏ္ဌာန်တူပါသည်။

"ဦးအမှားတွေပါ .... ဦးသာအဲ့အချိန်တုန်းက ထွက်မသွားခဲ့ရင် ကလေးလည်းဒီလိုဖြစ်မှာမဟုတ်ဘူး အရာရာဦးအမှားတွေပါကွာ"

ဦးဘုန်းနာကျင်စွာမြည်တမ်းရင်း မျက်ရည်တွေလည်းလှိမ့်ဆင်းကျလာလေသည်။

ညနေလည်းစောင်းသည်ထက်စောင်းလာပြီး နီမြန်းသောကောင်းကင်ကြီးအောက်က ကမ္ဘာမြေကြီးသည်လည်း မှောင်ရီစပျိုးနေလေပြီ။ ထိုအချိန် ဦးဘုန်းရဲ့ဖုန်းထဲသို့ video clipတစ်ခုရောက်လာသည်။ ညရောင်companyရောက်ကတည်းက ထွက်သည်ထိ လှုပ်ရှားပုံcctv video။ ဦးဘုန်း မီးပွိုင့်မိနေချိန်မှာတော့ ထိုvideoလေးကိုကြည့်လိုက်သည်။

"တောက်!!!"

ပြင်းထန်လှစွာသောတောက်ခေါက်သံက ဦးဘုန်းရဲ့ဒေါသအရှိန်အဟုန်ဘယ်လောက်ထိပြင်းထန်နေပြီလဲဆိုတာသိသာလှသည်။ ကားဆက်မောင်းသွားပြီး ပါးစပ်ကလည်း ကလေး ကလေးလို့သာခေါ်နေကာ မျက်လုံးကလည်း ပတ်ဝန်းကျင်တစ်ခွင်ကို ဆက်တိုက်ဆက်တိုက်ကြည့်နေမိသည်။

"ကလေးရေ ဦးအရမ်းစိတ်ပူနေပြီကွာ ဘယ်တွေရောက်နေတာလဲကလေးရေ"

ထိုအချိန် သန်လျင်တံတား‌အဆင်းနားကိုရောက်လာလေသည်။ တံတားအဆင်းထောင့်အောက်ဘက်မှာတော့ ကားပါကင်ထိုးထားတဲ့ကားတွေကြားထဲထိ ဦးဘုန်းကားရပ်ပြီး လိုက်ရှာနေမိသည်။ ထိုစဉ် ဆူဆူညံညံအသံတချို့ကြားလိုက်ရသည်။

"ဟိတ် တစ်ယောက်တည်းလား"

"ကလေးကချစ်စရာလေးကွာ"

"ဖြူဖြူဥဥလေး မင်းကမိန်းကလေးလား ယောက်ျားလေးလား"

ညရောင်အရမ်းကြောက်နေပြီး မျက်ရည်တွေကျလာသည်။ ယိုင်ထိုးနေတဲ့ခြေလှမ်းတွေနဲ့ မူးရူးရစ်ထွေနေတဲ့ထိုလူတွေက ညရောင်ကိုထိကပါး၊ ရိကပါးဆိုလာသည်။

Stolen LoveWhere stories live. Discover now