Part 35

15K 1.1K 95
                                    

မင်းပေးဖူးတဲ့ကရု့ဏာတရားလေးရယ် ....
ငါပေးဖူးတဲ့မေတ္တာတရားလေးရယ် ....

ညနေစောင်းလာလို့ နေလေးတောင်ညိုလာသည်။ ငှက်ကလေးတွေအိပ်တန်းတက်ပြန်ဖို့ စုစုရုံးရုံးနဲ့ ကောင်းကင်မှာပျံသန်းနေကြ၏။ တိမ်တွေကလည်းတောက်လို့၊ လေတွေကလည်းတိုက်လို့။ ပြတင်းပေါက်ဘောင်ပေါ်လက်တင်ကာ ခပ်ဆွေးဆွေးလေးငေးနေတဲ့ကောင်လေးကတော့ ညရောင်။

"ဒေါ်ကြီးစိုး ကလေးရော"

"ဟယ် သားဘုန်း .... ပြန်လာတာမြန်လှချည်လား မနက်ဖြန်မှရောက်မယ်ဆို"

"ဟုတ်တယ် ကလေးကြောင့်အစောကြီးပြန်လာတာ ကလေးရော"

"အပေါ်ထပ်မှာရှိတယ်"

ဦးဘုန်းကတော့ အတက်ကြွဆုံးခြေလှမ်းတွေနဲ့ ညရောင်ရှိရာအခန်းငယ်လေးဆီသို့။

"ဦးရေ ဒီနေ့ဖုန်းတစ်ခါပဲဆက်တယ်နော် ကျွန်တော့်ကိုသတိမရဘူးလား ဒါမှမဟုတ် ဦးအလုပ်တွေအရမ်းရှုပ်နေလို့လားဟင်"

"ဦးရေ .... ဒီညလည်းဦးမရှိဘဲ ကျနော်တစ်ယောက်တည်းအိပ်ရအုံးမှာပေါ့နော်"

"ဦးမရှိတော့ ကျွန်တော်ထမင်းလည်းစားမကောင်းဘူး စာလည်းမကျက်နိုင်ဘူး ပျော်လည်းမပျော်ဘူး"

"ဦးရေ သိပ်သတိရတာပဲ"

"ဦးရောပဲ"

"ဦးရောပဲတဲ့ ကျွန်တော်လေ ဦးအသံတွေခဏခဏကြားနေရတယ်ရယ် .... ခွဲခွာခြင်းဆိုတာသိပ်ခက်ခဲတယ်ဗျာ အလွမ်းဆိုတာကြီးကိုမုန်းတယ်"

"ဦးလည်းအတူတူပဲကလေး"

"ဦးရှိတဲ့အရပ်ကိုလိုက်လာချင်တယ်ဗျာ"

"ဦးရောက်နေပြီလေ ကလေးလာစရာမလိုတော့ဘူး"

"ဟင် ဦး ဦး"

အခန်းပေါက်ဝမှာရပ်နေပြီး ညရောင်တစ်ယောက်တည်းစကားပြောနေတာကို ကြည့်နေတာ။ စစချင်းကြားလိုက်ရတဲ့စကားတွေက ဝဲဘတ်ရင်အုံကို တဆစ်ဆစ်နာကျင်စေသည်။ သူ့ရင်ထဲမှာ ဒီလိုတွေခံစားနေရမှန်းမသိဘဲ အနေစိမ်းနေသလားလို့တောင် တွေးမိခဲ့တာ။ ကိုယ်ပြောသမျှစကားတွေကို သူ့နားထဲကြားယောင်နေတယ်ထင်နေတာတွေ့ရတော့လည်း စိတ်မကောင်း။

Stolen LoveWhere stories live. Discover now