Part 25

17.1K 1.4K 58
                                    

လူတစ်ယောက်ကိုချစ်မိတယ်ဆိုရင် နှလုံးခုန်မြန်လာတတ်တယ် .... သူနဲ့ကျမှ ထူးထူးခြားခြားမြန်နေတတ်တာမျိုး ....

ညရောင်နိုးလာတော့ သူ့ခန္ဓာကိုယ်လေးက ရင်ခွင်နွေးနွေးလေးရဲ့အရိပ်အောက်မှာရှိမနေဘူးဆိုတာ သိလိုက်ရပါ၏။ သူ့ဘေးကနေရာလွတ်လေးက တစ်ကြိမ်တစ်ခါမှလာအိပ်ထားခြင်းမရှိသလို အေးစက်ပြန့်ပြူးနေလေသည်။

"ညကဦးလာမအိပ်ဘူးလား"

ချက်ချင်းထထိုင်လိုက်ပြီး ဦးဘုန်းရှိနေမယ်အထင်နဲ့အခန်းအနှံ့လိုက်ရှာမိသည်။

"ဦးလည်းမရှိဘူး"

ညရောင်က နိုးနိုးချင်း မျက်နှာတောင်မသစ်နိုင်ဘဲ

"ဦးရေ"

"....."

"ဦး"

"....."

"ဦးဘယ်မှာလဲ"

"....."

"ဦးရေလို့"

"....."

"ဦး"

"....."

ပြန်ထူးသံမရှိတဲ့သူ့ခေါ်သံဟာ ဟောင်းနွမ်းဆွေးမြေ့သွားတယ်ထင်ရသည်။

"ဦး"

"ညရောင်လေး သားဘုန်းက companyသွားပြီလေ"

"ဗျာ ဘယ်တုန်းကလဲ"

"ကြာပြီသားရဲ့ .... အရေးကြီးအလုပ်ရှိလို့ဆိုလား"

"အရေးကြီးအလုပ်"

ကျွန်တော့်ထက်အရေးကြီးတာ အလုပ်ပေါ့နော် ....

ညရောင်ညှိုးငယ်စွာနဲ့ပဲ အပေါ်ထပ်ကိုပြန်တက်လာခဲ့သည်။

"နေပါအုံး .... ငါဘာလို့စိတ်ညစ်နေရတာလဲ ဦးကိုမတွေ့ရတာစိတ်ညစ်စရာလား .... မသိတော့ဘူးကွာ မနက်မိုးလင်းလာလို့ဦးကိုမတွေ့ရရင်တစ်နေ့လုံးဘယ်လိုမှမပျော်ဘူး ဒါကိုဦးမသိဘူး"

ထို့နောက် အခန်းပြတင်းပေါက်နားမှာတွေတွေလေးရပ်နေမိသည်။

"ဖေကြီးကိုသတိရတယ်"

သူ့ဘဝရဲ့ပထမဆုံးအလင်းရောင်ကသူ့ဖခင်။ ညရောင်လေးက သူ့အဖေကိုသိပ်ချစ်ပါသည်။ သူ့အဖေသေပြီသိတုန်းက တအားကိုခံရခက်တာ။ လက်မခံနိုင်တဲ့အထိဖြစ်ခဲ့တာ။ ဒါပေမဲ့ ဦးက ဖခင်လို၊ ဦးလေးလို၊ အစ်ကိုလိုစောင့်ရှောက်ပေးခဲ့သည်။ ညရောင် သူ့အဖေကိုလွမ်းလို့ငိုတိုင်း ဦးဘုန်းကအနားကနေ နှစ်သိမ့်ချော့မော့ပေးပြီး အားပေးစကားပြောရှာသည်။ အဲ့လိုအချိန်တိုင်း ဦးဘုန်းရဲ့မျက်လုံးလေးတွေမှာ အရည်ကြည်လေးတွေဝေ့နေခဲ့သည်။ ဘာ့ကြောင့်လဲဆိုတာ ညရောင်မသိသလို မေးလည်းမမေးဖြစ်ခဲ့။

Stolen LoveWhere stories live. Discover now