Part 47

11.5K 963 17
                                    

မမျှော်လင့်ထားတဲ့တစ်နေ့မှာ ဘဝထဲကိုစိုက်စိုက်မြိုက်မြိုက်ရောက်လာခဲ့သော ကျွန်တော်ချစ်ရသောသူ ....

ရင်ခွင်ထဲမှာတရှုံ့ရှုံ့ငိုနေတဲ့ညရောင်ကိုကြည့်လိုက်လေတိုင်း ထိုလူကိုအသေသတ်ခဲ့ပစ်ချင်စိတ်တွေတဖွားဖွားပေါ်လာသည်။ ညရောင်ကတော့ ငိုနေလိုက်တာ မျက်နှာကြီးတောင်နီလာပေါ့။ ရှိုက်ရင်းရှိုက်ရင်းနဲ့ အသက်ရှုမဝဖြစ်နေတဲ့ညရောင်ကို ဦးဘုန်းကနှစ်သိမ့်ချော့မြူနေသည်။

"ကျွန်တော်ကြောက်တယ်ဦး ဟင့် ဟင့် ဘာလို့ ဟင့် ကျွန်တော်ကအမြဲတမ်း ဟင့် ဒီလိုတွေကြုံတွေ့နေရတာလဲ ဟင့်"

ဟုတ်တာပေါ့။ ဦးဘုန်းအားလုံးစုံစမ်းထားသည်လေ။ ပြည်မှာတုန်းလည်း မကြာခဏဆိုသလို လိုက်နှောင့်ယှက်ပြီး ထိကပါး၊ ရိကပါးလုပ်ကြတဲ့သူတွေရှိတယ်မလား။

ဦးဘုန်းလေ ညရောင်ကိုသိပ်သနားနေတာ ....

"ကျွန်တော်က ဟင့် သူတို့အတွက်တော့ ဟင့် အဲ့လောက်တောင်လွယ်နေလားဦး ဟင့် ဟင့်"

"ဟာ ကလေးရာ မဟုတ်တာကွာ အဲ့လိုမပြောပါနဲ့ကလေးရယ်"

"ကျွန်တော် ဟင့် ယောက်ျားတစ်ယောက်ဖြစ်လျက်နဲ့ ဟင့် ပျော့ညံ့နေလို့ အရုပ်တစ်ရုပ်လိုသဘောထားတာလားမသိဘူး ဟင့်"

"ကလေးရယ် အဲ့လိုမဟုတ်ကဟုတ်ကတွေမပြောပါနဲ့ကွာ ဦးရဲ့ကလေးကမပျော့ညံ့ပါဘူးကွာ မငိုနဲ့တော့ တိတ် တိတ်"

ရင်ခွင်ထဲမှာပုန်းခိုကာ တအိအိငိုနေတဲ့ညရောင်ကို ဦးဘုန်းကကျောလေးပွတ်ရင်း နှစ်သိမ့်ပေးရသည်။ စိတ်ထဲမှာတော့ ထိုလူကိုအခဲမကြေ။ တစ်ဖန်ပြန်ဖြစ်လာတဲ့ဒေါသအဟုန်တွေနဲ့အတူ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ရင်း စိတ်ထဲကနေပဲ 'တောက်' တစ်ချက်ခေါက်လိုက်သည်။ ညရောင်အနေနဲ့ယောက်ျားတစ်ယောက်ဖြစ်ပါလျက်နဲ့ ဘာ့ကြောင့်များဒါတွေကြုံတွေ့နေရလဲဆိုပြီး တွေးရင်းနာကျင်နေမိလေ၏။ တကယ်က ခေတ်ကြီးရဲ့စီးကြောင်းလွဲချော်မှုနောက်မှာ မိန်းကလေးတွေပဲစိုးရိမ်စရာမဟုတ်။ ယောက်ျားလေးတွေပါစိုးရိမ်စရာဖြစ်နေရသည်။ ဘယ်ခေတ်ပဲရောက်ရောက် အမြတ်ထုတ်ချင်သူတွေကတော့ မွေးဖွား၊ ကြီးပြင်း၊ ကောင်းစား။

Stolen LoveWhere stories live. Discover now