Part 48

11.3K 983 20
                                    

စက္ကန့်နဲ့အမျှပျော်နိုင်ပါရစေဟူ၍ တောင်းဆုမခြွေခဲ့သော်လည်း ကလေးအနားရှိနေရတဲ့စက္ကန့်တိုင်းက ပျော်စရာတွေရစ်ဖွဲ့လို့ ကြည်နူးစရာတွေထုံမွမ်းခွင့်ရလေသည် ....

"မသိဘူးဗျာ ခုမှလာမချော့နဲ့"

"ဦးကိုစိတ်မကောက်ပါနဲ့တော့ကွာ ဦးတောင်းပန်တယ်လေ နော်"

"သိဘူး"

4 missed callsကိစ္စကခုထိရှင်းမရ။ ရန်ကုန်အပြန်တစ်လမ်းလုံးဖုန်းဆက်ချော့သည်။ အခုလည်း အိမ်ပြန်ရောက်တော့ ဦးဘုန်းမှာမောမောနဲ့ အဝတ်အစားတောင်မလဲနိုင်သေးဘူး။ ညရောင်ကိုချော့နေရတာ။

"ကလေး ဦးကိုကြည့်ပါအုံး .... ဦးတောင်းပန်တယ်လေနော် စိတ်မဆိုးရဘူးလေ စိတ်ဆိုးရင်ရုပ်ဆိုးတတ်တယ်လို့ဦးပြောဖူးတယ်လေ"

"ကျွန်တော်ကလေးမဟုတ်တော့ဘူး လာမညစ်နဲ့လို့လည်းပြောဖူးတယ်ထင်ပါ့"

ဒီလိုနဲ့အပြန်အလှန် ချော့လိုက်မော့လိုက်၊ အချေအတင်ဖြစ်လိုက်နဲ့ တစ်အိမ်လုံးဆူညံနေလေတော့သည်။ အင်း။ တွေးကြည့်မှပဲ ဦးဘုန်းရဲ့စံအိမ်ကြီးက ညရောင်ဆိုတဲ့ကလေးငယ်မရောက်လာခင်မှာ တိတ်ဆိတ်ခြောက်သွေ့နေလေတာ။ အခုတော့ ဘဝရဲ့အထီးကျန်ဆန်ခြင်းတွေကို လမ်းပြပေးမဲ့ကြယ်တစ်စင်းအဖြစ်နဲ့ ဦးဘုန်းစံအိမ်ကြီးစိုပြည်လာတော့သည်။ ညရောင်အလွန့်အလွန်ကိုရစ်တတ်လာတာကြောင့် ချော့မရတဲ့အဆုံး ပွေ့ချီကာ အားရပါးရဖက်နမ်းပစ်လိုက်သည်။ အော်ဟစ်ထုရိုက်ခံရခြင်းတွေကိုလျစ်လျူရှု့ပြီး ကျတ်တွင်းရေသောက်ရသလို မဝနိုင်ဘဲ ....

###

ညရောင်သည် အေးစက်နေသောလက်ဖဝါးနှစ်ဖက်ကိုမီးထွက်မတတ်ပွတ်တိုက်နေသည်။ ထိုင်ချည်ထချည်နဲ့ အငြိမ်လည်းမနေနိုင်။ ရေသွားသောက်လိုက်၊ အိမ်ပေါ်တက်လိုက်၊ အောက်ဆင်းလိုက်နဲ့ တကယ့်ကိုပျာယာတွေခတ်နေသည်။ ဒါကို ဆိုဖာပေါ်မှာမလှုပ်မယှက်ထိုင်နေတဲ့ဦးဘုန်းက

"ကလေး စိတ်လှုပ်ရှားနေသလား လာ ဦးဆီလာ"

ညရောင်က ဦးဘုန်းဘေးနားထိုင်ပြီး ဦးဘုန်းလက်မောင်းကိုချိတ်လိုက်သည်။ ထို့နောက် ပုခုံးကိုမီထားကာ

Stolen LoveWhere stories live. Discover now