Part 32

14.1K 1.2K 19
                                    

ကိုယ့်ရဲ့အကြင်နာတရားတွေအားလုံးဟာ မင်းနဲ့သာဆိုရင် တားမရဆီးမရ ယိုဖိတ်ကျလာတာ။ ဒါကိုတော့ မင်းကြိုက်ကောင်းပါရဲ့ ....

"သားဘုန်း အဲ ဘာလုပ်နေတာလဲ ပေးပေး ဒေါ်ကြီးစိုးလုပ်လိုက်မယ်"

"ရတယ်ဒေါ်ကြီးစိုး ကလေးစားဖို့ကျနော်ပဲလုပ်လိုက်ပါ့မယ်"

ဒေါ်ကြီးစိုးတော်တော်ကြီးကိုအံ့ဩမိသည်။ ဦးဘုန်းက တစ်နှစ်မှာ ရက်ပေါင်း၃၆၀လောက်က မီးဖိုချောင်ထဲမရောက်ဘူး။ ထမင်းစားခန်းမှာအဆင်သင့်စောင့်သည်။ လာချပေးတာစားလိုက်သည်။ ညရောင် ဒီအိမ်ကိုရောက်လာမှ မီးဖိုချောင်ထဲဝင်ပြီး ညရောင်အတွက်စားစရာတွေကို ကိုယ်တိုင်ချပေးရတာနဲ့။ အခုလည်း apronကြီးဝတ်ပြီး ညရောင်အတွက် ကိုယ်တိုင်စားစရာတွေလုပ်နေတာ။

"I like a bridge Any kind of bridge at all A great steel bridge ....."

"ကလေး စာကျက်နေတာလား မုန့်စားရအောင်လေ"

"ခဏနေမှစားမယ်ဦး ကျွန်တော်ဒီကဗျာလေးဆက်ကျက်လိုက်အုံးမယ်"

ဒီလိုဆိုတော့လည်း ဦးဘုန်းကအလိုက်သိရတာပေါ့။ စာကျက်နေတဲ့ညရောင်အနားကိုသွားထိုင်ပြီး စားစရာဗန်းလေးကိုဘေးနားချလိုက်သည်။

"ကလေးကျက်စရာရှိတာကျက် ဦးခွံ့ကျွေးမယ်"

ညရောင်လေး နှစ်ခြိုက်စွာပြုံးလိုက်ပြီး

"ကျေးဇူးပဲဦး ဟီး"

ဪ ဒီကလေးနှယ် .... ကျေးဇူးတင်တဲ့စကားမပြောပါနဲ့ ဦးတို့ကြားမှာ ဒီလိုမျိုးတွေမလိုဘူး သူစိမ်းဆန်ပါတယ်လို့ပြောလည်းမရဘူး .... သူ့အတွက် တစ်ခုခုကိုဖြည့်ဆည်းပေး၊ လုပ်ပေးတိုင်း ကျေးဇူးတင်စကားအမြဲပြောသည်။ အဲ့တော့လည်း ညရောင်စိတ်ချမ်းသာရင်ပြီးရောဆိုပြီး မတားတော့တာ။

"အာ ...."

ညရောင်ကပါးစပ်ကိုဟလိုက်ပြီး ဦးဘုန်းခွံ့ကျွေးတဲ့ ချောကလက်ကိတ်ကိုစားလိုက်သည်။ ပြီးတော့ ဦးဘုန်းက သူကိုယ်တိုင်ကျိုလာတဲ့နွားနို့ကို ဇွန်းလေးနဲ့ခပ်လိုက်ပြီး

"ဖူး ဖူး"

နွားနို့ပူနေမှာစိုးလို့ အေးအောင်မှုတ်ပေးပြီး ညရောင်ကိုခွံ့လိုက်သည်။ ညရောင်ကတော့ ဇိမ်ကိုကျလို့။ နွားနို့ခွံ့တာသောက်လိုက်၊ ကိတ်မုန့်ခွံ့တာစားလိုက်နဲ့။

Stolen LoveWhere stories live. Discover now