Part 34

12.7K 1.1K 9
                                    

ဒီချိန်ဆို ငါလွမ်းနေတာ မင်းမှမသိတာ ....

စံအိမ်ကနေထွက်သွားတဲ့ကားတန်းကြီးကိုမျက်စိတစ်ဆုံးလိုက်ကြည့်မိသည်။ လွမ်းရတော့မယ်ပေါ့။ ညရောင်မျက်ရည်ဝဲလာသည်။

"ဦးနဲ့မခွဲနိုင်ဘူး"

တကယ်ဆို ဦးသွားမှာကိုမလိုလားဘူး .... ဦးနဲ့မှမခွဲနိုင်ဘဲလေ .... ဒါပေမဲ့ သွားဖို့အရင်စပြောခဲ့တာ ဦးအတွက်ပါ .... ကျွန်တော့်ကြောင့် ဦးအခွင့်အရေးတွေဆုံးရှုံးသွားမှာ ကျွန်တော်မှမဖြစ်စေချင်တာလေ ....

ဦးဘုန်းစီးလာတဲ့လေယာဉ်ကြီးက တစ်စတစ်စနဲ့မြန်မာပြည်ကနေထွက်လာချိန်မှာ ဦးဘုန်းရင်ထဲခံစားချက်တစ်ချို့အစပျိုးလာလေသည်။
'အလွမ်း'တဲ့။

"ခဏလေးပဲရှိသေးတာတောင် ကလေးကိုသိပ်သတိရနေတာ"

ညရောင် အိမ်ထဲဝင်လာပြီး စာကျက်ဖို့အခန်းထဲသွားလိုက်တယ်။ စာကြည့်စားပွဲမှာစာကပ်ထားသည်။

*ဦးကိုချစ်ရင်မလွမ်းဘဲစာကျက်ပါ*

"မလွမ်းဘဲတဲ့လားဦးရယ် .... နှစ်ရက်တည်းဆိုပေမဲ့ ဦးမရှိဘူးဆိုတဲ့အသိကခါးတယ်ရယ်"

စာကျက်ချင်စိတ်မရှိတော့တာနဲ့ အိပ်ယာပေါ်စိတ်ပစ်လက်ပစ်လှဲချမိသည်။

'အိပ်ယာပေါ်အဲ့လိုလှဲချရင်ခါးနာတတ်တယ်ကလေးရဲ့'

"ဗျာ ဪ ငါလည်း .... ဟူး"

ဦးအသံကြားနေတာကိုး။

မျက်စိစုံမှတ်ကာ အိပ်ပျော်အောင်ကြိုးစားအိပ်လိုက်သည်။

'ဒေါက် ဒေါက်'

"ညရောင်လေး ညရောင်လေး"

"အင်း .... ဒေါ်ကြီးစိုး လာပြီ"

"ညရောင်လေးအိပ်နေသေးတာလား လာညနေစာစားရအောင်"

"ဗျာ ညနေစာ .... အချိန်ကအဲ့လောက်တောင်ရှိသွားပြီလား ခဏနေသားဆင်းခဲ့မယ်နော်"

ခဏကြာတော့ ညရောင်လေးတိလေးကန်နဲ့ဆင်းလာသည်။

"ညရောင်လေး ထိုင် ဒီမှာသားကြိုက်တဲ့ ပုစွန်ဟင်းချက်ထားတယ်"

"ဟုတ်"

"ဒါနဲ့ သားဘုန်းတောင်ဖုန်းဆက်သေးတယ်"

Stolen LoveWhere stories live. Discover now