Part 49

11.8K 981 58
                                    

လူတိုင်းမှာအတိတ်ဆိုတာရှိပါတယ်။ တချို့သောအတိတ်တွေက ပစ္စုပ္ပန်ထိသက်ရောက်လေ့ရှိတယ်။
တချို့သောအတိတ်တွေကအနာဂတ်ထိထင်ဟပ်လေ့ရှိတယ်။ တကယ်ချစ်တဲ့လူတစ်ယောက်က ကိုယ်ချစ်ရသူရဲ့အတိတ်တိုင်းကိုလေးစားတယ်။
ပစ္စုပ္ပန်ကိုတန်ဖိုးထားတယ်။
အနာဂတ်ကိုအလှပဆုံးပုံဖော်ပေးတယ်။ ထိုလူကိုပိုင်ဆိုင်ထားရရင်တော့ သင်ဟာကံကောင်းတဲ့လူတစ်ယောက်ပါပဲ။

ဘာလိုလိုနဲ့ ဦးဘုန်းနဲ့ညရောင်ရဲ့ချစ်သူသက်တမ်းတောင် တစ်နှစ်ပြည့်တော့မည်။ ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက်နဲ့ ဒီတစ်နှစ်အတွင်းမှာ ကျော်ဖြတ်ခဲ့ရတာတွေကတော့အများကြီးပေါ့။

"ဦး ပြီးပြီလား ကြာတယ်နော်"

"ပြီးပြီကလေးရေ ခဏလေး"

အရေးထဲမှ ဒီနက်ကတိုင်ကလည်းစည်းမရ။

ဒီနေ့က ဒီဒေး။ ဘာလို့လည်းဆိုတော့ ညရောင်က ဦးဘုန်းcompanyမှာအလုပ်စဝင်မဲ့နေ့ပေါ့။ ဦးဘုန်းသွားလေရာတကောက်ကောက်ပါပြီး ဦးဘုန်းနဲ့အတူအလုပ်တွဲလုပ်ရတော့မှာဆိုတော့ ဦးဘုန်းကတော့ပျော်တာပေါ့။ စက္ကန့်မလပ် ညရောင်မျက်နှာလေးကိုထိုင်ကြည့်နေလို့ရပြီလေ။

"ဦး"

"လာပြီbabyရေ လာပါပြီဗျာ"

လှေကားထစ်တွေကိုကျော်ခွဆင်းပြီးနောက် ဧည့်ခန်းထဲမှာထိုင်နေတဲ့ညရောင်ဆီရောက်ပါပြီ။

"ဦးရယ် ပြင်နေတာကြာလိုက်တာဗျာ"

"ဦးကပုံမှန်အတိုင်းပါပဲ ကလေးကသာမြန်မြန်ပြီးနေတာ"

"ဒါဆိုဘာလဲ ဦးကကျွန်တော်ပြောတာမှားတယ်လို့ပြောချင်တာလား"

"အင်"

ဦးဘုန်းတောင် ဘာဆက်ပြောရမှန်းမသိဖြစ်သွားလေသည်။ သက်ပြင်းလေးသေးလေးခိုးချနေစဉ်

"ဦး ကျွန်တော်ပြောတာရောကြားရဲ့လား ဘာတွေတွေးနေတာလဲ"

"ဘာမှမတွေးပါဘူးကွာ ကလေးကချစ်ဖို့ကောင်းတယ်လို့ အဲ့ဒါကြောင့်ခဏလောက်စိတ်နဲ့လူနဲ့မကပ်ဖြစ်သွားရုံလေး"

ဦးဘုန်းကပြုံးဖြဲဖြဲနဲ့ပြောနေတာကြောင့် ခုနကစိတ်ကောက်ဖို့၊ ရစ်ဖို့အစီစဉ်ချထားတဲ့ညရောင် ရှက်ပြုံးလေးနဲ့အတူ ပျော်သွားလေသည်။

Stolen LoveWhere stories live. Discover now