Part 19

17.6K 1.6K 42
                                    

"ဒီတစ်ခန်းလုံးကို 2ပုဒ်စီတွက်ထားနော် .... ပြီးတော့ Bio chapter 1ပုံတွေအကုန်ပြန်‌ဆွဲထား နောက်ပြီးတော့ ...."

"အဟမ်း အဟမ်း"

မင်းသန့် ဦးဘုန်းကိုလှည့်ကြည့်လိုက်သည်။ ပြုံးစိစိလုပ်ပြီး

"နောက်ပြီးတော့ .... ဒါပါပဲကွာ"

"ဟုတ်ကဲ့ဆရာ"

မင်းသန့်ရယ်ချင်စိတ်ကိုမနည်းထိန်းထားရသည်။ သူ့ကလေးကို အိမ်စာတွေအများကြီးပေးလို့ မျက်လုံးကြီးပြူးကြည့်နေတာ။

"ဒါဆို ဆရာပြန်ပြီ .... ဘုန်းမြင့်မြတ် ငါပြန်ပြီ"

"....."

"အာ ဘုန်းမြင့်မြတ် ငါ့ကိုအိမ်ရှေ့လိုက်ပို့လေကွာ"

"မင်းမပြန်တတ်ဘူးလား"

"ဟို ဆရာ ကျွန်တော်လိုက်ပို့ပါ့မယ်"

"နေ နေ .... မင်းသန့်မြန်မြန်ပြန်တော့ ငါလိုက်ပို့မယ်"

ဆိုပြီး ဦးဘုန်းမျက်နှာရိပ် မျက်နှာကဲလုပ်ပြတော့ မင်းသန့်ဆိုတာ ဣန္ဒြေမဆည်နိုင်အောင် ရယ်လိုက်တာ။

သိတယ်။ သူ့ကလေးကိုယ့်နားကပ်တာကို သူကကြိုက်တာမဟုတ်ဘူး။ စာတောင်မလွှဲသာလို့သင်ခိုင်းတာမျိုး။

"‌ဘုန်းမြင့်မြတ်ရာ မင်းအကဲပိုလိုက်တာ"

"ပြန်စရာရှိမြန်မြန်ပြန်"

"ဒီလောက်ဖြစ်နေရင် onlineကနေပဲသင်ခိုင်းပါတော့လား"

"မထိရောက်မှာစိုးလို့ .... မင်းသန့် ညနေကျရင် ဂျပန်ကတစ်ယောက်လာမယ် ကိုးကင်းပဲလိုချင်တာပြောလို့ မင်းနဲ့ချိတ်ပေးလိုက်တာ .... နယ်စပ်ကကောင်တွေက လျှော့ဈေးနဲ့ရောင်းနေကြတာ မင်းဈေးကွက်ကိုကြည့်ထိန်းအုံး"

"အေးပါကွာ .... ငါကြားမိပါတယ် လျှော့ဈေးပေးပေမယ့် ပစ္စည်းကောင်းတွေဖြစ်နေလို့ .... တစ်ခုခုတော့ရှိရမယ်"

သူငယ်ချင်းနှစ်ယောက်ကစကားမပြတ်။

အခန်းထဲမှာ ညရောင်ကတော့ စာအုပ်တွေသိမ်းနေလေသည်။ နောက်တော့ ဦးဘုန်းရောက်လာပြီး

"ကလေး အပေါ်တက်တော့မို့လား"

"ဟုတ် သားစာကျက်တော့မယ်"

Stolen LoveWhere stories live. Discover now