Part 33

13.5K 1.1K 18
                                    

Life is short, be happyတဲ့။ ကျွန်တော်ပျော်ဖို့ထက် ကလေးပျော်ဖို့ကပိုအရေးကြီးပါတယ် .... လူသန်းပေါင်းများစွာရှိတဲ့အထဲမှာမှ ကျွန်တော့်အနေနဲ့ပျော်ရွှင်အောင်လုပ်ပေးချင်မိတဲ့လူသားကတော့တစ်ယောက်တည်းရယ် ....

"ဦးလက်ကဘာဖြစ်တာလဲ ဘာလို့ပတ်တီးကြီးစည်းထားတာလဲ"

"ဪ အဲ့ဒါက ဘာရယ်မဟုတ်ပါဘူး"

ဒီလိုအဖြေမျိုးကို ညရောင်သဘောမကျနိုင်ပါ။ သူထိခိုက်မဲ့ကိစ္စရပ်မျိုးဆိုရင် ဦးဘုန်းကအထူးဂရု့စိုက်တတ်ပေမဲ့ သူ့ကိုယ်သူတော့ဂရု့မစိုက်ဘူးထင်ပါ့။

"ဘာကဘာရယ်မဟုတ်တာလဲ ဦး ကျွန်တော့်ကိုပြော အဲ့ဒါဘာဖြစ်တာလဲလို့"

"အသေးအမွှားပါကွာ .... ဂရု့မစိုက်ပါနဲ့ကလေးရဲ့"

"ဦး ကျွန်တော်စိတ်ပူလို့မေးနေတာပါ မဖြေချင်လည်းနေပါ"

"မဟုတ်ပါဘူးကလေးရယ် .... ကလေးအဲ့လိုစိတ်ပူနေရမှာစိုးလို့ပါ ဒီတိုင်းလေးပွန်းပဲ့သွားရုံလေးပါ"

"ဦး ဦးပဲစိတ်ပူတတ်တာမဟုတ်ဘူး ဦးပဲဂရု့စိုက်ပေးတတ်တာမဟုတ်ဘူး ကျွန်တော်လည်းစိတ်ပူတတ်တယ် .... ချစ်ရတဲ့သူကိုဂရု့စိုက်ပေးချင်တယ် ဒီတိုင်းလေးပါ၊ ဂရု့မစိုက်ပါနဲ့ဆိုတဲ့စကားတွေက စိတ်ပူပေးတဲ့ စိတ်ပူပေးတဲ့သူရဲ့စေတနာကို စေတနာကို .... ဟူး"

"အဲ့လိုမဟုတ်ပါဘူးကလေးရယ် .... အထင်မလွဲပါနဲ့နော် ဦးကိုချစ်လို့စိတ်ပူပေးတယ်ဆိုတဲ့အသိနဲ့တင် ဦးပျော်တယ်ကလေးရယ်"

"အဲ့ဒါဆိုရင် ကျွန်တော့်ကိုဘာဖြစ်လဲပြောမှပေါ့ တော်ပါပြီ ဦးမပြောချင်လည်းနေ ကျွန်တော်ဘယ်တော့မှမမေးဘူး"

"ကလေး အဲ့လိုတော့မလုပ်နဲ့လေကွာ ဦးကတကယ်ဘာမှမဟုတ်လို့ပါကွာ ကလေး"

ညရောင်ကတော့ စကားလည်းဆက်မပြောတော့။ စိတ်ဆိုသွားတယ်ထင်ပါ၏။ ညရောင်စာမေးပွဲနီးတော့ ဘယ်လိုကိစ္စမျိုးကိုမှ အာရုံစိုက်ရတာမျိုးမဖြစ်စေချင်ဘူး။

ကျွန်တော့်ကိုသူနားလည်နိုင်ဖို့၊ ကျွန်တော်ချစ်တတ်တဲ့အချစ်မျိုးကိုသူနားလည်နိုင်ဖို့ ကျွန်တော်ကြိုးစားရပါအုံးမယ် ....

Stolen LoveWhere stories live. Discover now