Part 43

11.8K 1K 19
                                    

ငှက်ကလေးနှစ်ကောင်ပူးကပ်လို့လေမှာဝဲမြော
တွေ့လားအချစ်ကလေး မင်းမော့ကြည့်လိုက် မင်းနဲ့ငါ့လိုပဲပေါ့ .....

စိတ်ဆိုးတာတွေ၊ ငိုကြွေးတာတွေပြီးသွားပြီးနောက် ထိုနေ့ရဲ့ညနေလေးမှာ အချစ်ငှက်နှစ်ကောင် တစ်နည်းအားဖြင့် ဦးဘုန်းနဲ့ညရောင် အခန်းဝရန်တာထွက်ပြီး မတ်တပ်ရပ်နေကြသည်။ ညရောင်က ဝရန်တာမှာလက်ကလေးပိုက်လို့ရပ်နေစဉ် ဦးဘုန်းကနောက်ကနေ ညရောင်ခါးလေးကိုဖက်ပြီး ပုခုံးလေးပေါ်မေးတင်ထားလေသည်။ တစ်ခါတစ်ခါ လည်ပင်းသားလေးကိုဖွဖွလေးနမ်းလိုက်သေးသည်။ လေလေးတွေဝဲဝေ့တိုက်လာတိုင်း လွင့်တတ်တဲ့ညရောင်ရဲ့ဆံပင်တွေကိုလည်း အမြတ်တနိုးနမ်းပြန်ပါသေးသည်။

"ကလေး ဦးတောင်းပန်တယ်နော်"

"ဘာကိုလဲဦးရဲ့"

"နေ့လည်ကကိစ္စအတွက်ပါ ဦးတောင်းပန်ပါတယ် ဦးမှားခဲ့တယ်"

"ဦးရယ် ပြီးတာတွေလည်းပြီးပြီပဲဟာကို မတွေးပါနဲ့တော့"

"ဟင့်အင်း ဦးမကျေနပ်နိုင်သေးဘူး ဦးသိပ်ချစ်ရတဲ့ကလေးကိုအော်မိတာ ဦးကိုယ်ဦးတောင်မယုံနိုင်ဘူး"

"ဦး"

ညရောင်ကခေါ်လိုက်ပြီး မျက်နှာချင်းဆိုင်နေလိုက်သည်။ ဦးဘုန်းက ညရောင်ခါးလေးကိုဖက်ထားဆဲ။ ညရောင်က ဦးဘုန်းလည်ပင်းကိုလက်နှစ်ဖက်နဲ့သိုင်းဖက်လိုက်ပြီး

"ကျွန်တော်နားလည်တယ်ဦး ကျွန်တော်လည်းအမှန်ချည်းပဲမဟုတ်ဘူးလေ ကျွန်တော်လည်းမှားခဲ့တာပါပဲ .... ပြီးတော့ ချစ်တဲ့သူနှစ်ယောက်ကြားထဲမှာ တောင်းပန်ပါတယ်ဆိုတာတွေခဏခဏပြောစရာမလိုဘူးလေဦး"

"ကျေးဇူးတင်ပါတယ်ကလေး"

ထို့နောက် ရုတ်တရက်ဆိုသလို ဦးဘုန်းက အနောက်ကနေဖက်ရင်းနဲ့ ညရောင်လေးကိုပုခုံးပေါ်ထမ်းလိုက်လေသည်။

"ဦး ဦး ချပေး ချပေးလို့"

"ဘာချပေးရမှာလဲ"

"အောက်"

"ဘာရယ်"

"အောက်ချပေးလို့ပြောတာ .... မထမ်းထားနဲ့လို့ ကိုယ့်ဘာသာလမ်းလျှောက်မယ်လို့ပြောတာ"

Stolen LoveWhere stories live. Discover now