Extra 2

13.4K 1K 49
                                    

ရွက်ဝါလေးတွေ လေရူးကြောင့် တလိမ့်လိမ့်ကြွေကျနေသည်။ ဥဩငှက်ရဲ့တေးဆိုသံက နွေဦးအလှကိုထပ်မံဖြည့်ဆောင်းပေးနေသလို။ ဦးဘုန်းတို့စံအိမ်အောက်က ရေပန်းငယ်ကလေးထဲက ရေလေးတွေက ကျောက်သလင်းဖြူဖြူလေးပေါ်ကိုပန်းဖြာကျနေလေသည်။ ဝရန်တာထက်ကနေကြည့်နေတဲ့ဦးဘုန်းရဲ့မြင်ကွင်းထဲကို ပြုံးတော်မူစေနိုင်သောလှုပ်ရှားမှုတစ်ခုဝင်လာလေသည်။

"ဟုတ်ပြီ တစ်လှမ်း နှစ်လှမ်း သုံးလှမ်း လေးလှမ်း ငါးလှမ်း wow ဒါမှဖေ့သားကွ"

ညရောင်နဲ့ သားသားလေးတို့ လမ်းလျှောက်သင်နေကြတာကိုး။ ဆယ်လထဲဝင်လာတဲ့သားသားလေးက ခုဆို တီတီတာတာနဲ့ စကားတွေမပီကလာပီကလာပြောနေပြီ။ ဝူးဝူးဝါးဝါးနဲ့လည်းအော်တတ်နေပြီ။ အစားဆိုလည်းအကုန်စုံအောင်စားလွန်းလို့ ညရောင်ကအော်ရတာအမော။ ဦးဘုန်းကတော့ အရမ်းကိုအလိုလိုက်လွန်းနေတာ။

"ဦးရာ ခုတော့ဖြစ်ပြီလေ ကျွန်တော်ပြောသားပဲ မကျွေးပါနဲ့ဆိုတာကို"

ဦးဘုန်းအဆူခံနေရပြီ။ လွန်ခဲ့တဲ့တစ်ပတ်တုန်းက ညရောင်မရှိတုန်း သားသားလေးအတင်းစားချင်နေတာနဲ့ ပေါင်မုန့်လေးတွေကိုမွှပြီးကျွေးမိသည်။ အလုပ်ကိစ္စနဲ့မအားတာကြောင့် သားသားကိုပစ်ထားမိသလိုဖြစ်ရင်းက ရင်ပြည့်သွားတာ။ သင်တန်းကပြန်လာတဲ့ညရောင်က ဒါကိုသိသွားတော့ ဦးဘုန်းကိုကောင်းကောင်းပွားတော့သည်။

"ဦးကဘာလို့ကျွေးတာလဲ သားသားကခုတော့ဖြစ်ပြီ"

"သားကစားချင်နေလို့"

"ကျွန်တော်စားချင်ပါတယ်လို့ သားကပြောလို့လား"

ညရောင်ရွဲ့လိုက်မှန်း ဦးဘုန်းသိပါသည်။

"ကလေးကလည်း ...."

ဦးဘုန်းက ညရောင်ကိုနောက်ကျောကနေဖက်ပြီး

"ကလေးကလည်း ဦးကသားကိုချစ်လို့ သူစားချင်တာကိုကျွေးမိတာ အရမ်းအပြစ်ဖြစ်နေတာပေါ့"

ဦးဘုန်းရဲ့နူးညံ့ညင်သာတဲ့အသံချိုချိုလေးက ညရောင်နားထဲကိုစမ်းချောင်းရေသွင်သွင်စီးသလိုဝင်သွားလေသည်။

Stolen LoveWhere stories live. Discover now