Part 22

16.6K 1.5K 32
                                    

အိမ်ရောက်တော့ ညရောင်ကမနိုးသေး။ အိပ်မောကျနေတဲ့ ညရောင်ကိုယ်လေးကိုပွေ့ကာ အခန်းဆီသို့ခေါ်ဆောင်၍ သက်သောင့်သက်သာအိပ်စက်စေသည်။ ထို့နောက် ဦးဘုန်းလည်း companyသို့သာပြန်သွားတော့သည်။ Companyရောက်တော့လည်း မဆုံးသေးသော အတွေးဝဲဂယက်မှာမျောနေရင်း ဆေးလိပ်ကိုသာ တရှိုက်မက်မက်ဖွာမိသည်။

'ဒေါက် ဒေါက်'

"ဝင်ခဲ့"

"ကိုဘုန်း ဒေလီယာပြောစရာရှိတယ်"

ဘာလဲပြောဆိုတဲ့သဘောနဲ့ မေးဆတ်ပြတော့

"လုပ်ငန်းရှင်dinnerရှိတယ် .... ကိုဘုန်းကိုလာဖိတ်တာ"

ဦးဘုန်းလည်း ဖိတ်စာကြည့်ပြီး

"လာဖြစ်ဖို့မသေချာဘူး"

"ဘာလို့လဲ ကိုဘုန်းကလည်း .... မလာရင်ဒေလီယာစိတ်ဆိုးမှာ"

"ကျွန်တော့်မှာ အရေးကြီးကိစ္စတစ်ချို့ရှိသေးတယ်"

ဟိုကလေးနဲ့ပတ်သက်နေလားမသိဘူး .... ဒေလီယာစိတ်ထဲဒေါပွသေး၏။

"အို ကိုဘုန်းကလည်း .... ဒီပွဲကလည်းအရေးကြီးတာပဲဟာ ဒယ်ဒီရော မာမီပါဖိတ်ခိုင်းလိုက်တာ"

ဦးဘုန်းမျက်လုံးအစုံက ဒေလီယာ့ကိုစိုက်ကြည့်မိသည်။

'မာမီပါဖိတ်ခိုင်းလိုက်တာ' ထိုစကားကြောင့် အဲ့ဒီပွဲနေ့ကျရင်ဦးဘုန်းရောက်အောင်လာမှာ။ ဘာလို့ဆို ဦးဘုန်းက သူ့အမေကိုသိပ်ချစ်လို့ပဲ။

"Okay ကိုယ်လာခဲ့မယ်"

ဒေလီယာမဲ့ပြုံးတစ်ခုပန်ဆင်လိုက်တသည်။

မကြာခင်မှာ အဲ့ကလေးကိုလည်း ရှင့်အနားကနေထွက်သွားအောင် ဒေလီယာလုပ်မှာ .... ဒေလီယာကြံမှာ ....

တစ်ခါတစ်လေမှာ မိန်းကလေးတွေက မဖြစ်နိုင်မှန်းသိရက်နဲ့ရှေ့ဆက်တိုးချင်တတ်တယ် .... အစကတော့ကြိုက်လို့၊ နောက်တော့လိုချင်လို့။ ကိုယ့်ပစ်မှတ်မှာခလုတ်ကန်သင်းတွေ့ရင် ရှင်းပစ်ဖို့ကြံတယ်။ ရှင်းပါတယ်။ ပိုင်ဆိုင်လိုစိတ်။ မိန်းကလေးတွေအတ္တများလာရင် သိပ်ကြောက်ဖို့ကောင်းတယ်။

###

"ကလေးရေ ဦးပြန်လာပြီ"

"ဟာ ဦး .... ဒီနေ့နောက်ကျတယ်နော်"

Stolen LoveWhere stories live. Discover now