Extra 3

13.8K 981 29
                                    

အချစ်ရဆုံးသူရဲ့အရာအားလုံးဟာ ဦးနှောက်ရဲ့နေရာအနှံ့အပြားမှာထင်ဟပ်နေတာကြောင့် မေ့ပစ်လိုက်ဖို့ဆိုတာလွယ်ကူမနေခဲ့ဘူး .... မမှတ်မိချင်လောက်အောင်နာကျင်နေရလည်း တစ်သက်လုံးထွေးပွေ့သွားချင်တာ ချစ်လို့ပါ .... ကျွန်တော့်ဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတဲ့ချစ်ခြင်းတစ်ခုကို ကျွန်တော်ဘယ်လိုအားနဲ့များ ထပ်မံတွန်းကန်ရပါ့မလဲ ....

"ဘယ်လိုပြောလိုက်တာလဲခင်ဗျ"

"လျှို့ဝှက်ထားပေးပါလို့"

"မိသားစုဝင်တွေကိုဘာ့ကြောင့်များအသိမပေးချင်ရတာလဲ"

"ကျွန်တော့်ရဲ့personalကိစ္စတစ်ချို့ကြောင့်ပါ ကျွန်တော်ပြန်မှတ်မိနေတာ၂လောက်ကျော်လောက်တော့ရှိပါပြီ"

"ဟုတ်ကဲ့ပါ လူနာဘက်ကတောင်းဆိုတာကို လျှို့ဝှက်ထားပေးရမှာကျွန်တော်တို့ရဲ့တာဝန်ပါ စိတ်ချပါ"

ညရောင် မှတ်ဉာဏ်ကုထုံးခန်းထဲကနေထွက်လာလေသည်။ အပြင်မှာ ဦးဘုန်းနဲ့ သားသားလေးတို့နှစ်ယောက်သား ငိုက်လျက်စောင့်နေကြသည်။ ခေါင်း‌လေးကို ဟိုဘက်ယိမ်း၊ ဒီဘက်ယိမ်းနဲ့မို့လို့ ညရောင်တစ်ချက်ပြုံးလိုက်သည်။

"ဖြူစင်တယ်လို့ထင်ရပေမဲ့ ...."

ညရောင်ကိုယ့်နားကိုယ်ကြားရုံသာပြောလိုက်ပြီးနောက်

"ဦး ဦးရေလို့"

"ဟမ် ဪ ကလေး .... ပြီးသွားပြီလား"

ဦးရင်ခွင်ထဲကသားသားလေးကတော့ အိပ်မောကျတုန်း။

"ဟုတ်"

"ကလေး နာနေလား ခေါင်းရောမူးလား ကုထုံးကရောအဆင်ပြေရဲ့လား"

"ပြေပါတယ်ဦးရဲ့ ပြန်ရအောင်လေ"

ဦးဘုန်းက ညရောင်ရဲ့လက်ကလေးကိုဆုပ်ကိုင်ပြီး လမ်းလျှောက်လာကြသည်။

"ကလေး"

"ဗျ"

"ကုထုံးကလေ ...."

"ဟုတ် ဆက်ပြောလေဦး"

"ကုထုံးက မြန်မြန်မှတ်မိလာနိုင်လောက်တဲ့အထိ အစွမ်းသက်ရောက်မှုရှိလား"

"ဆရာဝန်ပြောတာကတော့ရှိတယ်တဲ့ မြန်မြန်မှတ်မိလာတော့လည်းကောင်းတာပေါ့ဦးရဲ့ ကျွန်တော်ကတော့မြန်မြန်မှတ်မိချင်နေပြီ"

Stolen LoveWhere stories live. Discover now