Part 36

13.2K 1.1K 34
                                    

အချစ်ခံရတဲ့သူတွေဟာ သိပ်ကံကောင်းတယ် ....

ဦးဘုန်း သူ့ရင်ခွင်ထဲက ညရောင်ကိုကြည့်နေရင်း ဆံပင်လေးတွေကို ဆွဲဖွမိသည်။ 'အင်း အဲ' အသံလေးညည်းပြီးပြန်အိပ်နေတဲ့ညရောင်က တကယ့်ကိုဖြူစင်တဲ့ကလေးငယ်လေးလိုပဲ။ ဦးဘုန်းအနေနဲ့ ညရောင်ကို ယခုလိုမျိုးပဲ အမြဲပျော်ရွှင်အောင်ထားချင်ပါသည်။ ပတ်ဝန်းကျင်ရဲ့ဝေဖန်မှုတွေကိုမမူဘဲ လွတ်လွတ်လပ်လပ်ရှင်သန်စေချင်သည်။ သက္ကရာဇ်တွေစိတ်ကြိုက်ပြောင်းပါစေ။ ဦးဘုန်းရဲ့အချစ်က တည်မြဲရှည်ကြာ ....

###

"ကလေး ဦးပြောစရာရှိတယ်"

"ဟုတ် ပြောလေဦး"

"ဦး ကလေးကိုစိတ်ပြေလက်ပျောက်ခရီးလေးတစ်ခုခေါ်သွားချင်တယ်"

"ခရီး တကယ်လားဦး .... တကယ်ခရီးသွားမှလား"

"တကယ်ပေါ့ကလေးရဲ့"

"ဘယ်ကိုသွားမှာလဲဟင်"

"ဦး နေရာဆန်းဆန်းလေးတစ်ခုစဉ်းစားထားတယ်"

"နေရာဆန်းဆန်း"

"အင်း ကမ်းခြေလေ ပင်လယ်အော်ဘက်"

ဒီလိုနဲ့ ဦးဘုန်းနဲ့ ညရောင်တို့ ပထမဆုံးခရီးစဉ်လေးစတင်လိုက်သည်။ ထိုင်းနိုင်ငံဘက်သွားမှာဆိုတော့ နိုင်ငံရပ်ခြားသွားရတယ်ဆိုပြီး ညရောင်ကတော့ ပျော်နေလေသည်။ Passportမရှိသေးတဲ့ညရောင်အတွက် အမြန်Passportလုပ်ရင်းနဲ့ တစ်ပတ်လောက်တော့အချိန်စောင့်လိုက်ရသည်။

"ကလေး ပျော်လား"

"ပျော်တာပေါ့ဦးရဲ့ .... ဦးနဲ့သွားရတာမို့လို့ပိုပျော်တယ်"

"အာ ချစ်ဖို့ကောင်းလိုက်တာကလေးရာ စကားကိုဘာဖြစ်လို့အဲ့လောက်ထိချစ်ဖို့ကောင်းအောင်ပြောတတ်ရတာလဲ"

ဦးဘုန်းရဲ့စကားကြောင့် ညရောင်အသည်းအေးနေရ၏။ လေဆိပ်ဆိုတာ ညရောင်အတွက်တော့ နေရာအသစ်အဆန်း။ မျက်လုံးလေးကိုတောက်လျှောက်အလုပ်ပေးရင်း ဝန်းကျင်ကိုငေးသည်။ ဘေးနားကဦးဘုန်းကိုတောင် သတိမရ။ ဒီလိုနဲ့ပဲ နှစ်ဦးသားလက်တွဲပြီး လေယာဉ်ပေါ်ကိုတက်လာခဲ့ကြသည်။

"ဦး ဒါကလေယာဉ်ထဲလား မိုက်လိုက်တာနော်"

အခုမှ လေယာဉ်စစီးဖူးတဲ့ညရောင်အတွက် အရာရာဟာအသစ်အဆန်း‌တွေချည်း။

Stolen LoveWhere stories live. Discover now