Extra 4 (Final)

28.6K 1.3K 100
                                    

ရင်ထဲကပေါ်လာတဲ့မေတ္တာတရားတွေရဲ့အငွေ့အသက်၊ အလွှမ်းအခြုံတွေက ဦးဘုန်းမြင့်မြတ်ဆိုတဲ့လူနဲ့မှသိခွင့်ရခဲ့တယ်။ ဘယ်လောက်ပဲနာကျင်ပင်ပန်းနေပါစေ ထာဝစဉ်ချစ်ခွင့်ရနေချင်ခဲ့တာက ထိုလူသားဟာ ဦးဘုန်းမြင့်မြတ်ဖြစ်နေခြင်းကြောင့်ပဲ။ ကလေးမျက်နှာမှာအပြုံးတစ်ချက်ညှိုးသွားရင် ဦးရဲ့ကမ္ဘာတစ်ခုလုံးမှောင်နေတာလို့ပြောတတ်တဲ့ ဦးဘုန်းမြင့်မြတ်ကို မခွင့်လွှတ်နိုင်သော်ငြား တစ်သက်လုံးချစ်သွားချင်ပါတယ်။

မနက်ခင်းရဲ့နေရောင်ခြည်က ညရောင်ရဲ့မျက်နှာဖြူဖြူလှလှထက်မှာ ဖြာကျနေသည်။ ပုစွန်ဆီရောင်ခပ်ဝေ့ဝေ့ဖြစ်နေတဲ့ညရောင်ရဲ့မျက်နှာဟာ ဦးဘုန်းအတွက်ဘယ်တော့မှရိုးအီသွားခြင်းရှိနိုင်မှာမဟုတ်လေပါ။ ဘေးနားမှာအိပ်မောကျတုန်းဖြစ်တဲ့ညရောင်ရဲ့မျက်နှာလေးကို ဦးဘုန်းကသူ့လက်ဖဝါးနဲ့နေကာပေးထားသည်။ နှုတ်ခမ်းလေးစူစူနဲ့အိပ်ပျော်နေတဲ့ညရောင်ကိုကြည့်နေရင်း ဦးဘုန်းအသည်းယားအချစ်ပိုကာ နဖူးလေးကိုနမ်းလိုက်သည်။

"အင်း ...."

ဦးဘုန်းနဲ့မျက်နှာချင်းဆိုင်အနေအထားအိပ်ပျော်နေတဲ့ကလေးငယ်ဟာ စူထားတဲ့နှုတ်ခမ်းပိုစူလာတဲ့ထိကို အိပ်မောကျနေလေသည်။ ဦးဘုန်းကတစ်ချက်ပြုံးလိုက်ပြီး ညရောင်ရဲ့ပါးမို့မို့လေးကိုနမ်းလိုက်သည်။ ထို့နောက် နှုတ်ခမ်းပါးလေး။

"ဦးဗျာ .... ငြိမ်ငြိမ်နေလို့"

ညရောင်ကနိုးသွားကာ စိတ်မရှည်ဟန်ပြောသည်။

"ချစ်တယ်"

ဦးဘုန်းပြောပြန်ပြီ။ ညရောင်ကတော့နှုတ်ဆိတ်နေဆဲ။ 'ချစ်တယ်' ဟူ၍ပြန်မပြောဖြစ်ခဲ့တာ ပြန်သတိရလာကတည်းကပဲ။ ပြောမထွက်။ ရင်ထဲလည်းနာလှသည်။

"ကလေး ပင်ပန်းနေပြီလား"

ညရောင်ပြုံးကြည့်ကာခေါင်းခါသည်။ ကလေးထိန်းရင်း တစ်ဖက်ကလည်း စာလုပ်နေရတဲ့အပြင် တစ်ခါတစ်ခါcollageကနေပါလာတတ်တဲ့ စာတမ်းတွေရယ်ကြောင့် ညရောင်မှာအားအင်တောင်ချိနဲ့လာသလိုပင်။ သို့ပေသိ ဦးဘုန်းကတော့ အသေအချာကိုဂရု့စိုက်ပေးပါသည်။

Stolen LoveWhere stories live. Discover now