Part 58 (Final)

29K 1.3K 87
                                    

တိမ်တိမ်ဝါးဝါးနဲ့ဖြတ်သန်းခဲ့ရတဲ့နေ့တွေ။

ရိပ်မှိုင်းနေတဲ့စိတ်တွေက အသစ်ထပ်ဖြစ်ဖို့မစွမ်းတော့။

ချစ်တယ် ဒါပေမဲ့ မုန်းတယ်။

ကွဲကြေခဲ့ရတဲ့နှလုံးသားတစ်စုံကတော့ သိပ်ချစ်ခဲ့တဲ့သက်သေပေါ့။

ညကနက်သည်။ ဦးဘုန်း ဆေးရုံခန်းရဲ့ပြတင်းပေါက်ကနေ လေယူရာယိမ်းနေတဲ့သစ်ပင်တွေရဲ့ သစ်ကိုင်းတွေကိုငေးနေမိသည်။

သူ့ဘဝကလည်း သစ်ကိုင်းတွေလိုမျိုး လေယူရာယိမ်းခဲ့ရသည်။ တစ်ယောက်သောသူရဲ့စကားတစ်ခွန်းကြောင့် အနာဂတ်ပါပျောက်ရှသွားသလို ရင်လေးတသိမ့်သိမ့်နာသည်။

"အူဝဲ အူဝဲ"

အတွေးစတွေမဆုံးခင် သားသားလေးရဲ့ငိုသံကြောင့်ဦးဘုန်းလှည့်ကြည့်လိုက်သည်။ ပုခက်လေးထဲမှာ လူးလွန့်ကာငိုနေတဲ့သားသားလေး။

"အို သားရယ် ကျွတ်ကျွတ် မငိုပါနဲ့ကွယ် လိမ္မာတယ် ကျွတ်ကျွတ်"

ဦးဘုန်း သားလေးကိုချော့မြူနေရင်း ညရောင်ကိုသတိရမိသည်။ အတူတူကလေးထိန်းရင်း ပျော်စရာကောင်းတဲ့အချိန်တွေကိုဖန်တီးမိချင်ခဲ့တာ။ ခုတော့ အရာရာဟာအိပ်မက်တစ်ခုလို။

"ကလေးရယ် ကိုယ့်သားကိုတောင်ပစ်ရလောက်သည်ထိ ဦးကိုမုန်းတာလားကွာ"

ညရောင်ကတော့တစ်ဖက်ကအခန်းမှာ။ အိမ်ပြန်ချင်နေတဲ့ညရောင်ဟာ ချုပ်ရိုးသိပ်မကျက်သေးတာကြောင့် ဆေးရုံမှာပဲအနားယူနေရသည်။ တစ်ယောက်တည်းနေချင်တယ်ဆိုတဲ့ ညရောင်ရဲ့စိတ်ဆန္ဒကြောင့် ဘေးနားကအခန်းမှာပဲသပ်သပ်စီစဉ်ပေးရသည်။ ပြီးတော့ ထိုအခန်းထဲကိုထွန်းတောက်ကလွဲပြီး ဘယ်သူ့ကိုမှဝင်ခွင့်မပေး။

ညရောင်လည်းငိုနေဆဲပါ။ သူ့သားကိုတယုတယထွေး‌ပွေ့ချင်နေပေမဲ့ မလုပ်နိုင်။

အပြုံးတစ်ချက် မုန်းတစ်သက်ပါပဲ။

"လွတ်ငြိမ်းရာဆိုတာကိုသိချင်တယ် ဒီလိုစွဲလမ်းမှု‌တွေ၊ နာကျင်မှုတွေ၊ ဒဏ်ရာတွေရဲ့အဝေးဆုံးတစ်နေရာကိုထွက်သွားသင့်ပြီ"

Stolen LoveWhere stories live. Discover now