Part 27

15.6K 1.3K 54
                                    

ကျွန်တော်ချစ်တတ်သွားခဲ့တယ် .... ကျွန်တော်ချစ်တဲ့လူက အလိုလိုသင်ပေးလိုက်တာများလား ....

"ကျွန်တော် ဦးကိုချစ်တယ်"

လေတိုးသံလေးလိုပဲ။ ဦးဘုန်းနားထဲဝင်လာတဲ့ 'ချစ်တယ်' ဆိုတဲ့စကားလေး။ သူချစ်တတ်သွားပြီပေါ့။ သူပြောတယ်။ ကိုယ်သူ့အပေါ်မှာထားတဲ့ချစ်ခြင်းမေတ္တာကို သူ့ရဲ့ရင်ထဲ၊ နှလုံးသားထဲကခံစားမိတယ်တဲ့လေ။ တကယ်ပါ။ ကျွန်တော် နယူတန်ရဲ့နိယာမကိုယုံခဲ့ပြီ။ ကျွန်တော် သူ့အပေါ်မှာထားတဲ့အချစ်က ဒီနေ့ပဲရောင်ပြန်ဟပ်ခဲ့လို့ပေါ့။

"ကလေး"

ညရောင်က အနူးညံ့ဆုံးနဲ့ အချိုမြဆုံးပြုံးပြသည်။ မတူညီတဲ့အပြုံးမျိုး။ အရင်ကတော့ ကျွန်တော်တစ်ဖက်သက်ချစ်ရတဲ့ကောင်လေးရဲ့အပြုံး။ အခုတော့ ကျွန်တော့်ချစ်သူကောင်လေးရဲ့အပြုံး။

"ဒါဆို ဒီနေ့ဦးကအဖြေပြန်ရလိုက်တာပေါ့"

ဦးဘုန်းမျက်နှာကြီးတစ်ခုလုံး သကာပေါ်ပျားရည်လောင်းသလို ချိုမြပြုံးရွှင်နေသည်။ တကယ်ပါနော်။ ကိုယ်ချစ်ရတဲ့သူက ကိုယ့်ကိုပြန်ချစ်တဲ့ခံစားချက်မျိုး။ ကမ္ဘာပေါ်မှာအပျော်ရွှင်ဆုံးလူသားတစ်ယောက်ရဲ့ခံစားချက်မျိုး။

"ဒါဆို ဒီနေ့ကစပြီး ဦးနဲ့ကလေးချစ်သူတွေဖြစ်ပြီပေါ့"

"ဟုတ် ဒါပဲနော်ဦး ကျွန်တော့်ကိုအနိုင်မကျင့်ရဘူး"

"ဘယ်လိုပြောလိုက်တာလဲကွာ ကလေးကဦးရဲ့အရှင်သခင်လေးပါဗျာ ကလေးကသာဦးကိုအနိုင်ကျင့်နိုင်ပါတယ်ဗျာ"

"ပြီးရောနော် နောက်မှ ညရောင်ကသိပ်ဆိုးတာပဲဆိုရင်တော့ ဒီလူကြီးအနားကနေထွက်ပြေးမှာဗျ"

"ဟာ ကလေးရာ .... အဲ့လိုမပြောပါနဲ့ ဦးအနားကထွက်သွားမဲ့စကားမျိုးလုံးဝမပြောပါနဲ့ ကလေးမှတ်ထား ကလေးမရှိရင်ဦးမနေဘူး တစ်ခါတည်းသေပစ်မှာ"

"ဦးကလည်းဗျာ .... ပြောကာမှပိုဆိုး အဲ့လိုသေစကားမျိုးထပ်မပြောပါနဲ့ ကျွန်တော်မကြိုက်ဘူး"

"ဟုတ်ပါပြီဗျာ .... ဦးစကားမှားပါတယ် ကလေးလည်းထွက်သွားမဲ့စကားမျိုးထပ်မပြောပါနဲ့"

Stolen LoveWhere stories live. Discover now