Part : 1

672 64 31
                                    

အထက်တန်း‌ကျောင်းနှင့်မနီးမဝေးတွင်ရှိနေသော internet cafe လေးက အချိန်တိုင်းလိုလိုကျောင်းသားများနှင့်ပြည့်နေလေ့ရှိသည်။

ထောင့်ဘက်နားတွင်အမြဲထိုင်လေ့ရှိသောကောင်လေးနှစ်ယောက်သည်လည်း သည်ဆိုင်ကိုစွဲစွဲမြဲမြဲလာတက်သော ကျောင်းသားအများစုထဲမှပင်....

အသားဖြူဖြူလူကောင်အနည်းညှပ်သောကောင်လေးက ပုလင်းဖင်လောက်အထူရှိသောလေးထောင့်မျက်မှန်ကြီးကိုတပ်ဆင်ထားပြီး မျက်မှောင်တို့ကြုံ့ကာ game ကိုအသည်းအသန်ဆော့နေသည်။

သူနှင့်အတူလာလေ့ရှိသည့်ကောင်လေးကတော့ ယနေ့အထက်တန်းကျောင်းသားတော်တော်များများ၏ဝါသနာအတိုင်း online novel တို့ရေးနေလေ့ရှိသည်။

||DEFEAT||

Computer monitor တွင်ပေါ်လာသောစာတန်းကြောင့် Shixun မျက်နှာရှုံ့မဲ့သွားပြီး headphone ကိုဆွဲချွတ်လိုက်သည်။

မျက်နှာချင်းဆိုင်ခုံမှ Jongin ကတော့ keyboard ကိုတတောက်တောက်ခေါက်ကာ စာရေးနေတုန်း

အနှောက်အယှက်မပေးရန်စဉ်းစားမိပြီး Shixun ခုံမှာပြန်ထိုင်ကာ Jongin site ထဲဝင်ကြည့်လိုက်သည်။

Novel 5 ပုဒ်ရှိနေပြီး situation ပြနေရာတွေမှာတော့ On going, Hiatus.. ment တွေဝင်ဖတ်တော့တော်တော်များများက update တောင်းထားတာတွေ..

Shixun ကြိုသိနေသည့်တစ်ခုကတော့ Jongin novel တွေ hiatus တင်ထားပြီဆိုလျှင် ဆက်ရေးတော့မည်မဟုတ်..

Jongin ကဇာတ်သိမ်းတွေကိုကြိုက်တက်သူမဟုတ်သောကြောင့်ပင်

*******
အထက်တန်းကျောင်းဝန်းတစ်ခုအတွင်း လက်ချင်းတွဲကာလျှောက်နေသော ကောင်လေးနှစ်ယောက်..

နွေဦးရောက်တော့မှာ‌မို့ လမ်းတစ်လျောက်အပင်များက မကြွေသေးသော ရော်ရွက်ဝါတို့ကြောင့် ရွှေရောင်ဝင်းနေသည်။

"အဆုံးသတ်ပြီးနှုတ်ဆက်လိုက်ရတာမျိုးကိုငါမုန်းတယ်"

"ပျော်ရွှင်စွာပေါင်းဖက်သွားကြလေသတည်းဆိုပြီးတာပဲဟာ"

"ပျော်ရွှင်စရာအဆုံးသတ်မဖြစ်နိုင်တဲ့ဇာတ်လမ်းမျိုးဆိုဘယ်လိုလုပ်မလဲ"

HIATUS_Where stories live. Discover now