Part.1

6.7K 149 8
                                    

Part.1

Fortune do it <or> ကံကြမ္မာစီစဉ်လေသလား♥♥

'ဟင့် ..........ဟင့်'

အခန်းလေးတစ်ခုထဲက မှောင်မဲနေတဲ့ ထောင့်တစ်နေရာတွင် စောင်လေး ခေါင်းမူးခြုံကာ တသိမ့်သိမ့်ရှိုက်ငိုနေတဲ့ ကလေးငယ်တစ်ယောက်

အခန်းလေးရဲ့ အပြင်တွင် ထွက်ပေါ်နေတဲ့ ဆောင့်သံ၊ အောင့်သံ၊ အော်ဟစ်နေသံများကြောင့် ကလေးငယ်လေးမှာ သူ့ရှိုက်သံမထွက်အောင် အောက်နှုတ်ခမ်းကို နာကျင်စွာ ဖိကိုက်ထားကာ လက်ဖြင့် ပါးစပ်ကို အုပ်ထားလေသည်။

.........................

အဖေက အရက်သမား နေ့အချိန်တွေဆို ကောင်းပေမယ့် ညအချိန် အရက်သောက်ပြီးလျှင် သွေးဆိုးသည်။
ုရိုက်နှက်နေသည် မဟုတ်ပေမယ့် အိမ်မှာရှိတဲ့ မိန်းမနဲ့ ခုနစ်နှစ်အရွယ် ကလေးတစ်ယောင်ကို အျမဲ အော်ဟစ်နေကာ တဒုန်းဒုန်း တဒိုင်းဒိုင်း လုပ်တတ်သည်။

အမေက အဖေမူးနေခိျန်ဆို ဘာမှပြန်မပြောဘဲ ငြိမ်နေပေမဲ့ အဖေမမူးချိန်ဆို အရမ်းကိုနိုင်သည်။
မနက်မိုးလင်းတာနဲ့ အရက်မူးပြီး အိပ်နေတဲ့ အဖေနဲ့ ခုနစ်နှစ်အရွယ်ကလေးကို ငွေမရှိကြောင်းစောင်းကာ မြောင်းကာ အော်ဟစ် ဆူပူတတ်သည်။

'ဟက် ကြမ္မာ'

'ကြမ္မာ ငါခေါ်နေတယ်လေ မကြားဘူးလား'

'နားကန်းနေတာလား'

'ကျောင်းသွားဖို့ မလုပ်သေးဘူးလား'

'ငါ့မွာ ပိုက်ဆံ မရှိဘဲနဲ့ နင့်ကို ကျောင်းထားနေရတာ '

'အဲ့တာကို နင်က ဘာပုံစံလုပ်နေတာလဲ ဟင်'

'လာစမ်း.....ခုလာခဲ့စမ်း'

'
ခေါင်းလေးငုံ့ကာ တရှုံရှုံနဲ့ ရှေ့တိုးလာတဲ့ ကြမ္မာ

ဇက်ပိုးကို တစ်ချက်အုပ်ဖို့ ပြင်ပြီးမှ လက်ပြန်ခ်သြားတဲ့အမေ

'တယ်နော် ငါရိုက်ရင်လည်း ကကေို ဘာဖြစ််တယ် ညာဖြစ်တယ်နဲ့ '

'စား ဒီမှာပဲပြုတ်နဲ့ ထမင်း'

ခနနေတော့
'ဟက် အမလေး သခင်ကြီးက နေဖင်ထိုးအောင် အိပ်တော်မူနေတယ်'

Fortune do it&lt;or&gt; ကံကြမ္မာစီစဉ်လေသလား (Completed)     &lt;Zawgi. +uni&gt;        Where stories live. Discover now