Part 8

1.2K 74 0
                                    

Part.8Fortune do it <or> ကံကြမ္မာစီစဉ်လေသလား

ကျွန်တော်ထွက်ပြေးခဲ့တယ်။ ကျွန်တော် ပင်ပန်းလှပြီ။ ကျွန်တော်ကြားဖူးတယ်။ စံပယ်ပန်းရောင်းရင်း ကြားဖူးတယ်။

 ညဘက်ဆို ဆိပ်ကမ်းဘက်မှာ မှောင်ခို သင်္ဘောတွေဆိုက်တယ်တဲ့။ အဲ့တာနဲ့ လိုက်သွားရင် ပိုက်ဆံတွေ အများကြီးရတယ်တဲ့။

ကျွန်တော် ငွေလိုချင်တယ်။ ငွေမက်တယ်။ ဒါပေမယ့် အဲ့‌ငွေတွေကို မုန်းတယ်။

မနက်ဆို အမေအော်ဟစ်နေတာ အဲ့ငွေမရှိလို့တဲ့

ညဆို အဖေ မူးရူးနေတာက အဲ့ငွေဆိုတာ မရှာနိုင်လို့တဲ့လေကျွန်တော် သိတတ်စ အရွယ်ကတည်းက အဲ့ငွေ ဘယ်လောက် အရေးပါလဲဆိုတာ ကျွန်တော် သိပြီးပြီ။သူဘယ်လောက် တန်ခိုးရှိကြီးလဲ ကျွန်တော်သိတယ်။ အဲ့အတွက် ကျွန်တော် ငွေရှာရမယ်လေ။.....တစ်နှစ်နှနှစ်သုံးနှစ်...၁၀နှစ်ခန့်ကြာသော်'သခင် ပစ္စည်းတွေရောက်ပါပြီ'



'ကောင်းပြီ ငါလာခဲ့မယ်'

တိုက်ကြီးရှေ့တွင် ထိုးရပ်ထားသော နက်မှောင်နေတဲ့ ကားသုံးစီး ဝင်ရောက်လာတဲ့ သူတို့ရဲ့ သခင်

ငွေက လွှဲရင် ဘာမှမမြင် ဘာမှစိတ်မဝင်စားတဲ့ သူတို့ရဲ့သခင်ရက်စက်တယ် မာကျောတယ် ထက်မြတ်တယ်

ဘယ်သူနဲ့မှ ရောနှောခြင်းမရှိ သခင့်မျက်လုံးထဲမှာ ငွေကလွဲရင် ဘာမှမမြင်တာပါ၊

'မင်းတို့ ၃၀၀၀ ပေးနိုင်လား'

'မများလွန်းဘူးလား'

'ငါမေးတာ‌ဖြေ ပေးမှာလား မပေးဘူးလား'

တကယ်တော့ ၃၀၀၀ထောင်ဆိုတာ များလွန်းတယ်။ တန်တာက ၂၀၀၀ကျော်သာ တန်သည်။ ဒါပေမယ့် ဒုစရိုက်လောကမှာ သခင်ဆိုရင် ဆိုသလောက် မပေးရဲသူမရှိ

လိမ်လည်မှုမရှိ ပစ္စည်းစစ်သည်။ စကားကို ပိုမပြောတတ်. ကြောက်စရာကောင်းသည်။ 'ပေးမယ် ၃၀၀၀'

'ကောင်းပြီ ပေးလိုက်တော့ '

ထထွက်သွားတဲ့ သခင့်ကို ကြည့်ရင်း တကယ်ကို အံသြဖို့ကောင်းလောက်သည်။ လိုချင် သလောက်ကို ယူနိုင်သည်။ ဆရာတစ်ဆူပါဘဲကိုယ့်ကို အားကျတဲ့ မျက်လုံးတွေနဲ့ ကြည့်နေတာ သိတာပေါ့ ဒါတွေဟာ ကိုယ့်ရဲ့ မျက်နှာဖုံးတွေဆိုတာ ဘယ်သူ့မှ မသိလေသလား။

Fortune do it&lt;or&gt; ကံကြမ္မာစီစဉ်လေသလား (Completed)     &lt;Zawgi. +uni&gt;        Where stories live. Discover now