Part 27

638 62 3
                                    


Part.27

' ဆရာမလေး'

'မမ'

'မမက လာလည်းမလားဘူး'

'ညီမလေးတို့ကစောင့်နေတာ'

'မမလည်း သတိရပါတယ်ကွာ'

'ဆရာမလေးရေ တစ်ရွာလုံးက သတိရနေတာ"

'သာသာလည်း သတိရပါတယ်နော်'

'ထိုင်ကြအုန်းလေ'

တဖြည်းဖြည်းနဲ့ တစ်ရွာလုံးရောက်လာသလိုပင် ကလေးတွေရော လူကြီးတွေကော အိမ်ထဲမှာ စုပြုံလာလေသည်။

ထက်သာကြည့်လိုက်တော့ ကိုကိုနဲ့ အကိုမတ်စတင်က အံသြကာကြည့်နေလေသည်။ဘာတွေလဲဆိုတဲ့ အကြည့်တွေပေါ့

မေးလည်း မေးချင်စရာ ခုတင် ထက်သာပေးမှာ ကလေးတွေ အုံနေကာ ရွာကလူတွေကလည်း ဘေးနားမှာ ထိုင်နေကြတယ်လေ။

'သားသားတို့ ညဆို သွားတိုက်ကြရဲ့လား သာသာပြောတာတွေ မမေ့ဘူးမလား ကလေးတွေ'

'ဟုတ် မမ သားတို့ နားထောင်ပါတယ်'

'မမ မမဆေးကုပေးလို့ မေမေ သက်သာသွားပြီမမ အရင်လို အိပ်မနေတော့ဘူး'

'ဟုတ်လား မီမီးလေး မေမေက‌‌ရော'

'မေမေက ခနနေရင် လာမယ်တဲ့ မမ'

'ဟုတ်ပါပြီရှင် ဘွားလေးရော သက်သာရဲ့လား'

'အမလေး သက်သာပါ့တော် '

'မေမေနန်;ကော'

'သက်သာတာပေါ့ သမီးရယ် သမီးကတော်လွန်းလို့ မေမေနန်း အကုန်သက်သာသွားပြီ'

'ကြားရတာ ဝမ်းသာလိုက်တာ သမီးတော့ ပျော်လိုက်တာ'

သူမလေးက ခုလိုနေရာတွေမှာ မေတ္တာတွေ၊ စေတနာတွေ အပြည့်နဲ့ လာကုပေးသည်တဲ့လား။

သူမကို ကြည့်နေတဲ့ ကလေးတွေ၊ လူကြီးတွေရဲ့ မျက်ဝန်းတွေထဲမှာ သူမကို ချစ်တဲ့ အကြင်နာ‌မေတ္တာတွေဟာ

ထင်ဟပ်နေလေသည်။ သေချာတာကတော့ သူမလေးဟာ သိပ်ကို စိတ်ကောင်း၊စေတနာကောင်းတဲ့ သူတစ်ယောက်ဆိုတာ ငြင်းလို့ရမည်မဟုတ်ပေ။ မင်းလေးဟာ သိပ်ကို ရိုးသားဖြူစင်တဲ့ ကောင်မလေး တစ်ယောက်ပါ ဆိုတာ ကိုယ်လက်ခံယုံကြည်ပါတယ်ကွာ

သူမကိုကြည့်ပြီး သူမအပျော်တွေဟာ သူတို့ကို ကူးစက်နေလေရဲ့ ဒါပေမယ့်.........သူ့စိတ်ထဲလေးနေခဲ့တယ်

'ဆရာမလေး'

ဝင်ပေါက်ကနေ မြင်နေရတဲ့ လူတစ်ယောက်၊ အဲ့အသံ၊ အဲ့အမူအယာ

မဟုတ်လောက်ပါဘူး ငါ.......ငါ........

နားကြားမှားတာနေမှာပါ

ဆုတောင်းတွေဟာ မပြည့်ခဲ့

' အန်တီ '

'ဆရာမလေး'

'မေမေ'


ကြမ္မာ ကြမ္မာ ....နားကန်းနေတာလား

စားဒီမှာ ပဲပြုတ်နဲ့ ထမင်း......

မစားနဲ့ရော ဒီမှာ နင့်အရုပ် .........

အငတ်နေ အဲ့မှာ.........

ပိုက်ဆံက မရှိပါဘူးဆိုနေမှ.......

အသုံးမကျတဲ့ ‌ယောကျာ်းနဲ့ သုံးစားမရတဲ့ ကလေး.....

ခေါင်းထဲမှာ အစီအရီ ဝင်လာတဲ့ မြင်ကွင်းတွေ စကားသံတွေ

အား.......အား

ကြောက်တယ် မလာနဲ့ ....အား...........

ကျွီ......

ဘေးနားရှိတဲ့ ကားသော့ကို ဆွဲကာ နောက်လှည့်မကြည့်ချင်တော့

ဟင့်အင်......မသိဘူး...... မလာနဲ့ ...... မနောက်ယှက်နဲ့

ကားပေါ်မှာ တစ်ယောက်ထဲ စကားတွေ ပြောကာ ငြင်းဆန်နေတဲ့ ကောင်လေးတစ်ယောက်

စိတ်တွေ မတည်ငြိမ်ဘဲဖြစ်ကာ ယိုင်ထိုးနေတဲ့ကားဟာ သိပ်ကို ကြောက်ဖို့ကောင်းတယ်

ဘာဖြစ်သွားမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူးမလား......



Comလေး တွေလိုချင်ပါတယ်။ တစ်နာရီလောက် အားစိုက်ပြီး ရေးထားသမျှဟာ တစ်မိနစ်လောက် ကြိုက်ကြောင်း ရေးပေးတဲ့ စာလေးတွေကြောင့် တစ်နေကုန် ခေါင်းခြောက်အောင် စဉ်းစားထားသမျှတွေကို ပျော်ရွှင်မှု အဖြစ်ပြောင်းလဲပြီး အားဖြစ်သွားစေတာ အံသြဖို့သိပ်ကောင်းတယ်နော်။ အရင်နေ့က မတင်ဖြစ်တာလေးတွေအတွက် တစ်ခါတည်း နှစ်ပိုင်းတင်ပေးလိုက်တယ်နော်။ ဒါဒါလေးတွေ အားလုံး So Love

Fortune do it<or> ကံကြမ္မာစီစဉ်လေသလား (Completed)     <Zawgi. +uni>        Место, где живут истории. Откройте их для себя