Part.20

796 64 0
                                    

Part.20

‘ကိုကို’

‘ဟင်  အကို ကိုကိုရောဟင်’

အိမ်ထဲခြေချရုံရှိသေး မေးနေတဲ့ ဆရာမလေးကြောင့် ကိုယ်လည်းတကယ် စိတ်ညစ်ရတယ် တစ်နေကုန် အနားကပ်ကာ သခင်အကြောင်းတွေ မေးနေကာ အိမ်ကို အတူတူရောက်တဲ့ဟာကို သူက အရင်ဝင်ပြီး သခင်ရောဆိုတော့ ဘယ်လိုလုပ်ရမလဲ

‘သာသာရယ်  ကျွန်တော်တို့ တူတူရောက်တာလေ’

‘ဟုတ်သားဘဲ ထက်သာ မေ့သွားလို့’
ခေါင်းလေးကုတ်ကာ အိမ်ထဲဝင်ပြီး ဟိုရှာဒီရှာ လုပ်နေတဲ့ ဆရာမကြောင့် သက်ပြင်းသာချလိုက်မိတယ် ပြန်ရောက်ရင် ပြန်ဖို့ ပြင်ခိုင်းတာ ဘယ်လိုပြောရပါ့မလဲ

‘သာသာ ထမင်းစားမယ်လေ သခင်က အရင်စားထားလိုက်တဲ့’

‘ဟင် ဖုန်းဆက်တယ်လား ပြန်လာတော့မယ်တဲ့လား ဘာပြောလဲ’

‘နောက်ကျမယ်တဲ့’

‘ဟွန်း သူများမြို့ရောက်နေတာတောင် သူ့မှာ အလုပ်တွေက ရှုပ်နေလိုက်တာ ဘာတွေများလုပ်နေလို့လဲမသိ’

‘အကို ကိုကို အလုပ်က ဘာလုပ်တာလဲဟင်’

‘ဟို .....ဟိုလေ’
ဘာများပြောရပါ့မလဲ သခင်ရယ်

‘ဒီလိုပါဘဲ သာသာရယ်’

‘ဒီလိုပါဘဲ ဆိုတာ ဘယ်လိုမျိုးလဲဟင်’

‘ဟင်’
အမေရေ  သခင်ရေ ကယ်ပါ

‘မင်း စိတ်ဝင်စားစရာမလိုဘူး’

‘အမလေးတော်ပါသေးရဲ့’

‘ဟင် ကိုကို ပြန်ရောက်ပြီလား’

‘ငါ့ကိစ္စကို ဘာမှ မစပ်စုနဲ့ ကြားလား ဘာမှလဲ မမေးနဲ့ ငါမကြိုက်ဘူး’

‘မတ်စတင် ငါ့အတွက် ထမင်းမပြင်နဲ့တော့’

‘ဟင် ထက်သာက စောင့်နေတာ မင်းကို ဘယ်သူက စောင့်ခိုင်းလို့လဲ’
ပြောရင်းအပေါ်တက်သွားတဲ့သူ့ကိုကြည့်ရင်း ဝမ်းနည်းမှုက အတိုင်းအဆမဲ့မိပြန်တယ်

‘သာသာ ပြင်လိုက်ရမလား’

‘တော်ပြီ မစားတော့ဘူးအကို’

သူ ဒီနေ့လိုက်ရှင်းနေရတဲ့ ကိစ္စတွေက အများကြီး သူလက်ခနလွှတ်လိုက်တာနဲ့  ပြသာနာက တက်တော့ တာဘဲ အသုံးမကျဘူး အမြဲအဲ့လိုပါဘဲ ရှမ်းပြည်ရောက်တိုင်း ဘယ်မှ ရောက်ဖြစ်တာမဟုတ် မဆန်းတော့ပေ  ပျော်ရွှင်မှုဆိုတာ ဂျိုနဲ့လားလို့ မေးကြည့်ချင်မိတယ်

Fortune do it<or> ကံကြမ္မာစီစဉ်လေသလား (Completed)     <Zawgi. +uni>        Where stories live. Discover now