Part.23

729 61 5
                                    

Part.23

'မင်း......မင်း'

'ဟားဟား ....သခင် မင်းကြည့်ရတာ ရီစရာကောင်သလိုက်တာ အဲ့လောက်ကြည့်သွေးလန့်မနေပါနဲ့'

သူလန့်လည်း လန့်ချင်စရာ အိမ်မှာထားခဲ့တဲ့ သူမက ဘယ်လိုများ တစ်ခြားအဖွဲ့ထဲက လူဆီရောက်ပြီး ခုလို ဓားထောက်ခံနေရတာလဲ

'ဓားကိုချလိုက် အေးဆေးပြောရအောင်'

'ငါက မပြောနိုင်ဘူးဆိုရင်ကော'

သူမတ်စတင်ကို အချက်ပြလိုက်တယ် သူရှေ့ကို တလှမ်းချင်းတိုးသွားကာ

'သတ်လိုက်လေ ငါစိတ်မဝင်စားဘူး ​​သေ သွားလည်း ဘာမှ မထူးဘူး'

'ရှင် ကိုကို '

'မင်း...'

ဟိုလူက စိတ်လျော့ကာ ဓားကိုဖြုတ်ဖို့ပြင်မှ မတ်စတင်က ဝင်တိုက်လိုက်သည် သူ သူမလေးလက်ကိုဆွဲကာ အပြင်ကို အတင်းထွက်လာခဲ့သည်

'မင်းက ဘယ်ကရောက်လာတာလဲ'

'​​ပြောစမ်း ပြောလေ'
စိတ်တိုတိုနဲ့ သူမပုခုံးကို အတင်းဖိကာ သူအော်နေမိတယ်

'ထက်သာကို မအော်ပါနဲ့ '

'ဟာ မအော်ပါနဲ့ မပြောနဲ့လေ မင်းလုပ်လိုက်တာကိုရော မင်းသိလား'

.'ဘာလည်း ပိုက်ဆံမရတော့လို့လား'

ခက်နေပြီ သူမလေးနဲ့တော့ ဒီပိုက်ဆံလောက်နဲ့က သူမှာ အိပ်နေရုံဘဲရှိတယ်
အမှားလည်း လုပ်သေးတယ် သူကဘဲ တပြန်ကြီး နှုတ်ခမ်းလေးဆူကာ ရန်တွေ့နေသေးတယ်
'မင်းကတော့ တကယ် မလွယ်တာဘဲ'

'ထက်သာ သေလည်း ဂရုစိုက်ဘူးပေါ့ ထက်သာ သေလည်း စိတ်မဝင်စားဘူးပေါ့လေ ဟုတ်လား'

ဟော သူ့ကိုစိတ်ပူလို့ ဟိုကောင့်ဘက်က အားလျော့သွားအောင် ပြောလိုက်တဲ့စကားကို သူမလေးက အတည်ထင်ကာ ဝမ်းနည်းနေပုံ သူ မရှင်းပြချင်

'ရတယ်လေ ထက်သာက သေမထူး နေမထူးဘဲ'ဆိုကာ အိမ်ထဲကိုပြန်ဝင်ဖို့ လုပ်နေတဲ့ သူမကြောင့်
သူခေါင်းပင် ကိုက်သွားရတယ်

ခက်လှချည်လားနော် ဒီကလေးမနဲ့တော့

'ဟိတ်..... နေ ...နေအုန်းလေကွာ'

Fortune do it<or> ကံကြမ္မာစီစဉ်လေသလား (Completed)     <Zawgi. +uni>        Where stories live. Discover now