Part 30

713 52 0
                                    

Part.30

'ဟင် ....'

ထက်သာတွေ့လိုက်တယ် အကိုမတ်စတင် မျက်နှာမှာ စိတ်ပူပန်မှုများစွာနဲ့ တပည့်တွေကို အိမ်ရှေ့မှာ မှာ ကြား နေတယ်။ ခနနေတော့ အဒေါ်ကြီးတစ်ယောက် ထွက်လာကာ ရေးကြီးသုတ်ပြာနဲ့ အိမ်ထဲကို အတင်း ပြန်ဝင်သွားကြသည်။ ဘာတွေများဖြစ်နေတာလဲ။ အပေါ်ထပ်ကို မော့ကြည့်တော့ ထူးဆန်းစွာ မီးတွေ ထွန်း ထားသည်။ သိပ်တော့ မူမမှန်တာ ထက်သာ သတိထားမိသည်။ ခုချိန်မှာ သူဆုတောင်းမိတာကတော့ ကိုကို ဘာမှမဖြစ်ပါစေနဲ့ ဘုရား။

'ထက်လေး ဘာဖြစ်နေတာလဲ'

'သွားကြတော့မလား အိမ်ထဲဝင်ချင်လို့လား'

'ခနလေးနေပေးပါအုန်း စန္ဒာရယ် ငါ......ငါ'

ပြောရင်း ငိုချလိုက်သည့် ထက်လေးကြောင့် ဘာလုပ်ရမှန်းပင်မသိ

'ဟက်...ဟက် မငိုနဲ့လေဟာ နင်ကလည်း အရင်နဲ့ လုံးဝမတူတော့ဘူးသိလား

နင်ကြည့်ချင်ရင် ငါစောင့်နေပေးပါ့မယ်'

'ကျေးဇူးပါ သူငယ်ချင်းရယ်'

သူ့ဘက်ကိုလှည့်လာကာ ကျေးဇူးတင်စကား ပြောပြီး ဟိုဘက်ပြန်လှည့်သွားတဲ့ သူငယ်ချင်းမကြောင့် သူ့မှာ ဘာလုပ်လို့ ဘာကိုင်ရမှန်းပင်မသိတော့

ကားပြတင်းပေါက်ကလေးကို မှီကာ အဲ့အိမ်ထဲကိုဘဲ ကြည့်နေသည်

သူမလေး ဘယ်လိုခံစားနေရလဲ ဆိုတာ သူဘယ်လိုမှ နားမလည်နိုင် သူမလို ဆေးရုံအုပ်သမီးက အိမ်တစ်အိမ် ကို ငိုကြွေးကာ လာကြည့်နေတယ်ဆိုတာ လုံးဝကို မယုံစရာကောင်းလှသည်။ အရင်က ထက်သာ ဘယ်လောက်ဆိုးလဲ ဘယ်လောက် မာနကြီးလဲဆိုတာ သူအသိဆုံးပင် မတွေ့ခဲ့တဲ့ နှစ်တွေမှာ နင်ဘယ်လို ပြောင်းလဲသွားတာလဲဟာ

မတ်စတင် ဘယ်သူ့ကို ဖုန်းဆက်လို့ ဆက်ရမှန်းပင်မသိတော့

ဆရာဝန်ခေါ်ထားပေမယ့် သခင်ဟာ တံခါးပင်ဖွင့်မပေး။ ထိုင်စောင့်နေတဲ့ ဆရာဝန်ဟာလဲ တော်တော်ကို ကြာနေပြီ။ ဆရာဝန်မှာလဲ အားနာလို့သာ ‌မပြန်တာနေမယ်။ မျက်နှာဟာ ပျက်နေပြီ သူတစ်ယောက်ထဲ ဘာလုပ်ရမှန်းပင် မသိတော့ ဆရာမလေးသာရှိရင်

Fortune do it<or> ကံကြမ္မာစီစဉ်လေသလား (Completed)     <Zawgi. +uni>        Where stories live. Discover now