part6

1.2K 77 2
                                    

Part.6

'တောက်'

'‌ဟေ့ကောင် ထစမ်း'

'$သုံးမကျတဲ့ မိန်းမနဲ့ သား'

'ဘာမှကို သုံးစားမရဘူး'

'တောက်'

'ဒုန်း'

တံခါးကြီးကို ဆောင့်ကန်လိုက်သော အဖေ

'ပိုက်ဆံရှာနေတဲ့ ငါ့ကိုကျ ထမင်းခူးခပ်ကျွေးမယ်မရှိဘူး'

ဖေဖေရယ် ဖေဖေက ထမင်းကို ခူးခပ်စားလို့ရပါတယ်။

သားကိုက မေမေက ထမင်းကိုမကျွေးတာပါ။

ဟင်းချက်စရာမရှိလို့တဲ့လေ။

ဖေဖေက ထမင်းစားမယ်တဲ့

မေမေက သားကို ထမင်းတောင် မစားရဘူးဆိုပြီး ထမင်းတောင်မချက်ဘူး

ဘယ်လိုလုပ်ရပါ့မလဲ။

'ဟိတ်ကောင်'

'တောက်......'

'အသုံးကိုမကျဘူး.....'

မီးဖိုထဲ ဝင်လာကာ ထမင်းအိုးကို လှန်ကြည့်ပြီး

'တောက်...ကွာ'

'.........ချီး.......ဘဲ'

'ဘုန်း'

ထမင်းအိုးကြီးကို လွှင့်ပစ်လိုက်တဲ့ ဖေဖေ

ချောင်လေးမှာ ကပ်ခါ ငိုနေတဲ့ ကျွန်တော်

'မမွေးနိုင်ရင်လည်း အစကတည်း မမွေးပါနဲ့လို့ ပြောသားပဲ'

'အခုတော့ .........$ကလေးကြောင့် ငါလည်း ထမင်းငတ်ပြီ'

'မွေးတုန်းကမွေးပြီး ထမင်းမကျွေးဘဲ......'

'........$ သုံးကိုမကျဘူး'

ဒေါနဲ့ မောနဲ့ ပြောကာ တံခါးကြီးကို ဆောင့်ဖွင့်ပြီး

'ဝုန်း'

'ငါ့ဟာငါ အရက်သွားသောက်တာဘဲ ကောင်းတယ်'

ဆိုကာ ယိုင်နဲ့နဲ့ ထွက်သွားတဲ့ အဖေ့ကိုကြည့်ရင်း

ကြောက်လွန်းလို့ အသံတောင်မထွက်တော့ဘဲ တစ်ယောက်ထဲ ရိူက်ကာငို နေတဲ့ ကလေးငယ်တစ်ယောက် သာ အိမ်မှာ ကျန်နေခဲ့တော့တယ်။

ဟုတ်ပါတယ် အဖေတို့အမေတို့က ကျွန်တော့်ကို ရိုက်နှက်တာမျိူးလုံးဝမရှိပါဘူး။ ခန္တာကိုယ် အနာတရဖြစ်အောင်တော့ တစ်ခါမှမလုပ်ပေမယ့် စိတ်ထဲမှာတော့ ဒဏ်ရာတွေ ပလဲပွဖြစ်နေတာ ဘယ်သူမှ မမြင်ခဲ့ကြပါဘူး။

Fortune do it<or> ကံကြမ္မာစီစဉ်လေသလား (Completed)     <Zawgi. +uni>        Onde histórias criam vida. Descubra agora