Part.15

978 74 0
                                    


Part.15

Fortune do it<or>ကံကြမ္မာစီစဉ်လေသလား

'ဒေါက်....ဒေါက်'

ဟာ အိပ်နေတာကို ဘယ်သူက လာရှုပ်ပြန်လည်း မသိဘူး

သေတော့မယ်

အိပ်ပျော်ကာနီး စိတ်ရှုပ်လိုက်တာ
'တောက်...'

'ဝင်ခဲ့'

အမလေး ကြောက်စရာကြီး
ဘာမှမဖြစ်ပါဘူး ထက်သာ fightingကိုယ့် ဟာကိုယ် အားတင်းရင်း ဝင်လာခဲ့တယ်

'ဟင်'

နောက်ကို ပြန်လှည့်သွားတဲ့ သူမလေး

'ရှင်    အင်္ကျီ ဝတ်လိုက်ဦး '

မျက်နှာလေးဖုံးကာ ပြောနေတဲ့ သူမလေး

အော် ဆေးထည့်တုန်းကမမြင်တာကျလို့

အမလေးလေး  six packတွေ  ဟွန်းဟွန်း

မနက်ကတော့ စိတ်ပူနေလို့ သတိမထားမိပေမယ့် ခုတော့ မိန်းကလေးတွေ သဘောကျတဲ့ six packအပြည့်နဲ့  လူကို အသက်ထွက်အောင်လုပ်နေတယ်

ထက်သာ ဘာသံမှမကြားလို့ ပြန်လှည့်ကြည့်လိုက်တော့

'ဟာ.....ကိုကို'

'ဘာလဲ'

တမင်ကို မဝတ်ဘဲ နေခြင်းဖြစ်သည် ဝတ်ရင် အနာနဲ့ ထိမိပြီး ပြန်နာလာလို့ ချွတ်ပြီး ပြန်အိပ်နေခြင်းဖြစ်သည် ခုတော့

'ဝတ်ပါဆို...... ဘာလို့ မဝတ်တာလည်း'

'ငါ့ဟာငါ မဝတ်တာ '

'မမြင်ချင်ရင် ထွက်သွား'

'ဟာ  ..ကိုကိုရာ '

'ဒီက ဆေးထည့်ပေးမလို့လာတာ'

ကိုကို  ဆိုတာ ဘယ်သူ့ကိုခေါ်တာလဲ ငါ့ကိုခေါ်တာလား  မဖြစ်နိုင်ပါဘူး

'ဟိတ်  ဘယ်လိုခေါ်လိုက်တယ်'

'အဲ့တာကလေ....'

'အဲ့တာက. ဘယ်လို ခေါ်ရမလဲမသိလို့'

'အဲ့တာကလွဲရင် ကြိုက်တာခေါ်'

သူမလေးက ကိုကိုလို့ ခေါ်လိုက်တိုင်း ဒီကကောင်က ရင် တလှပ်လှပ် ဖြစ်နေရတာ

'အဲ့တာဆိုရင်'

ခေါင်းလေးကုတ်ကာ ကလေးတစ်ယောက်လို စဥ်းစားနေလေသည်

Fortune do it&lt;or&gt; ကံကြမ္မာစီစဉ်လေသလား (Completed)     &lt;Zawgi. +uni&gt;        Kde žijí příběhy. Začni objevovat