Thanks For My Fiction

966 31 6
                                    

Thanks For My Fiction <or> ကျေးဇူးတင်လွှာ ( Message )💝💝💝💝💝

ချစ်ရပါသော ဒါဒါလေးတို့ရေ

ပထမဦးစွာ Fortune do it <or> ကံကြမ္မာစီစဉ်လေသလား ဆိုတဲ့ ဝတ္ထုလေးကို ဖတ်ပေးကြတဲ့ ဒါဒါလေးများကို အရမ်းကျေးဇူးတင်ပါကြောင်း ပြီးတော့ အစကနေ အဆုံးထိ မေနဲ့အတူစီးမျောလိုက်ပါ ခံစားပေးကြတဲ့ အသဲတို့ကို မေက သိပ်ချစ်ပါကြောင်း အရင်ဆုံးပြောပါရစေနော်။

ဒီFicလေးမှာ မေပေးချင်တဲ့ Messageလေးတွေကို ကိုယ့်အသဲတွေ မြင်သာလာအောင် ပြန်ပြီး တွေးတော လာနိုင်အောင် မေ့Ficလေးထဲမှာ ထည့််ထားတဲ့ မေပေးချင်နေတဲ့ Messageလေးတွေကို ပြောပြ ပေးပါရစေနော်။ မေဟာ ခုမှစာစရေးတဲ့ စာရေးသူပေါက်စလေးပါ ဘာကိုမှ သိပ်ပြီးကျွမ်းကျင်နေတဲ့သူလည်း မဟုတ်ပါဘူး။ ပြီးတော့ စာဖတ်သူ အနည်းငယ်သူရှိတဲ့ တက်သစ်စ စာရေးသူလေးပါ ဒါပေမယ့် မေရဲ့ ဝတ္ထုလေးကနေ ဒါဒါလေးတို့ကို တစ်ခုခုတော့ ရသွားစေချင်တဲ့အတွက် ခုလိုလေး ရေးလိုက်ရခြင်းပါရှင့် မေပေးချင်တဲ့ Messageလေးက ငါးခုရှိပါတယ်။ အဲ့တာလေးကတော့

Message. (1)

ငယ်ရွယ်တဲ့ကလေးလေးတွေရဲ့ စိတ်ဟာ ပိုးသားလေးလိုဘဲနူးညံလွန်းလှပါတယ်။'အတုမြင် အတတ်သင်' ဆိုတဲ့ အရွယ်လည်းဖြစ်တာကြောင့် ငယ်ရွယ်တဲ့ကလေးလေးတွေရဲ့ စိတ်ဟာ အထိအရှလွယ်လွန်းလှ ပါတယ်။ ကလေးငယ်တစ်ယောက် ကြီးပြင်းလာတဲ့အခါ ဘယ်လိုပုံစံဖြစ်လာမလဲ ဆိုတာဟာ သူ့ ငယ်ဘဝမှာ သူ့ကို ဘယ်လိုပြုစုပျိုးထောင်သလဲဆိုတာနဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ်။ ဒါကြောင့် ကလေးငယ် တစ်ယောက်ကို ရိုက်နှက်နေမှသာ ညှည်းပန်းနှိပ်စက်နေတာမဟုတ်ဘဲ ကြမ်းတမ်းပြီးဆိုးရွားတဲ့စကားတွေ ဟာလည်း ကလေးငယ်လေးရဲ့ စိတ်ကို ညှည်းပန်းနှိပ်စက်မှုတစ်ခု ဆိုတာ သိစေချင်၍သာ ဖြစ်ပါသည်။ ဒါကြောင့် ကလေးငယ်လေးများကို စိတ်ညှည်းပန်းနှိပ်စက်မှု မဖြစ်စေရန် ကာကွယ်နိုင်ရန် အတွက် ရည်ရွယ်မိ ပါတယ်။

Message. (2)

စိတ်ပိုင်းဆိုင်ရာကြောင့်ဖြစ်တဲ့ စိတ်‌ရောဂါတွေဟာ ငယ်စဉ်က စိတ်ခံစားမှုတွေ အပေါ် မူတည်ပြီး ဖြစ်ပွားနိုင် ပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျမှု၊ စိတ်ညစ်မှု အစရှိတဲ့ စိတ်ရောဂါတွေဟာ ပတ်ဝန်းကျင် အခြေအနေတွေကြောင့်လည်း အဓိက ဖြစ်နိုင်ပါတယ်။ ခေတ်စနစ်ပြောင်းလဲမှု၏ နောက်ဆက်တွဲဆိုးကျိုး အဖြစ် စိတ်ရောဂါပြဿနာများ များစွာ ပေါ်ပေါက်လာပါတယ်။ ယှဉ်ပြိုင်မှုတွေ များနေတဲ့ မျက်မှောက်ခေတ် မှာ အချိန်နဲ့အမျှ ရုန်းကန်နေကြရသူများမှာ စိတ်ဖိစီးမှုများစွာ ရင်ဆိုင်နေရတဲ့ အတွက်ကြောင့် စိတ်ရောဂါများ ဖြစ်မှန်းမသိ ဖြစ်လာကာ စိတ်ရောဂါသည်များ ပိုမိုတိုးပွားလာသည်မှာအမှန်ပင်ဖြစ်သည်။မိမိတို့ ပတ်ဝန်းကျင်မှာလည်း သာမန်လူတွေလို ရှင်သန်နေထိုင်ကြပေမယ့် စိတ်ရောဂါ ဝေဒနာခံစားနေရသူ များစွာ ရှိနေကာ မမြင်သာတဲ့စိတ်ရောဂါ ခံစားနေရသူများရှိနေသည်ကို ဖော်ပြလိုကာ သတိထားမိစေဖို့ ရည်ရွယ် ပါတယ်။

Fortune do it&lt;or&gt; ကံကြမ္မာစီစဉ်လေသလား (Completed)     &lt;Zawgi. +uni&gt;        Donde viven las historias. Descúbrelo ahora