Part 37 <End>

2.9K 72 24
                                    

Part.37 (End)

လမ်းပေါ်မှာ ပြေးလွှားနေတဲ့ သူဟာ အရူးတစ်ယောက်လိုဘဲ

မဟုတ်ပါဘူးလေ သူက အရူးဘဲ

ဆေးရုံထဲကို ဝရုံးသုံးကား ဝင်လာတဲ့ သူ့ကြောင့် ဆေးရုံတစ်ခုလုံး ပြယာခတ်သွားရလေသည်

နောက်ဆုံးတော့ နောက်ဆုံးတော့ ရောက်လာခဲ့ပြီ ......

'ဆရာမ သူ့ကို ကယ်ပေးပါဗျာ'သူ့လက်ထဲမှာ တစက်စက် ကျနေတဲ့ သွေးစက်တွေ

'အရေးကြီးလို့ပါ'

'ကယ်ပေးကြပါ.....

သူမရှိရင် ကျွန်တော်‌သေမှာဗျ'

'အား........ကယ်ကြပါ.....ကယ်ပေးကြပါ

ကျွန်တော့် ကလေးကို ကယ်ပေးကြပါ'

သူမလေးကို ပိုက်ကာ လိုက်ပြောနေတဲ့ သူဟာ အရူးတစ်ယောက်လိုဘဲ

တကယ်လည်း သူရူးတော့မည် မဟုတ်လား

'စိတ်ထိန်းပါဗျ.....စိတ်အေးအေးထားပါနော်'

'ပေး ကျွန်တော့်ကိုပေး.....ကျွန်တော် ကုပေးမယ်နော်'

'တကယ်နော် တကယ် ကုပေးရမှာနော်'

သူ့ပုံစံဟာ ကလေးတစ်ယောက်လိုပင် မယုံကြည်တဲ့ မျက်လုံးလေးတွေနဲ့ ကလေးတစ်ယောက်ပုံစံ ဖြစ်နေရင်းမှ

'တစ်ခုခုဖြစ်ရင် ခင်ဗျားကို ကျွန်တော်ကိုယ်တိုင် သတ်မှာ'

'ကြားလား.......ကျွန်တော့် ကလေးကို အကောင်းအတိုင်းကုပေးရမယ်'

ဟု ဒေါသတကြီး ပြောနေပြန်သည်။ အပြောင်းအလဲဟာ မြန်နေသည်။ လုံးဝနော်မယ် မဟုတ်တာ ခံစားမိ သည်။

'ကျွန်တော့် ကလေးကို ကုပေးပါဗျ သူမရှိရင် ကျွန်တော်သေမှာမလို့ပါ'

'ကယ်ပေးနော်....'ဆိုကာ မျက်ရည်များပင် အတိုင်းအဆမရှိကျလာလေပြန်သည်။

သူ့လက်ထဲက သူမလေးကို ခေါ်ဆောင် သွားကာ ဝင်သွားတဲ့ ခွဲစိတ်ခန်းကြီးထဲကို မျက်တောင်ပင်မခတ်ဘဲ ငေးကြည့်နေတဲ့ သူ့ရင်ထဲမှာ ဘယ်လောက် နာကျင်နေမလဲ

ဘယ်လောက်တောင်ကမ္ဘာတွေပျက်နေမလဲ

သူရင်ဘတ်ကြီး တစ်ခုလုံးကို မီးနဲ့ မြိုက်နေတဲ့ အတိုင်း တမြေ့မြေ့နဲ့ လောင်ကျွမ်းနေတာကိုကော ဘယ်သူများမြင်နိုင်မလဲ

Fortune do it&lt;or&gt; ကံကြမ္မာစီစဉ်လေသလား (Completed)     &lt;Zawgi. +uni&gt;        Where stories live. Discover now