Part 32

722 51 5
                                    

Part.32

'ကိုကို.....'

'သတိထားပါအုန်း.....'

' ထက်သာလေ.....'

ခေါ်နေပေမယ့် ပြန်ထူးမလာတာကြောင့် ထက်သာ အောက်ထပ်ကို ပြေးဆင်းမိသည်

ထက်သာ ဘာမှ မတွေးနိုင်တော့

'အကို...'

'အကို'

'သာသာ ဘာဖြစ်တာလဲ'

အိမ်ပေါ်ကနေ ရေးကြီးသုတ်ပြာ ဆင်းလာတဲ့ ဆရာမလေးကြောင့် မတ်စတင် အိပ်နေရာကနေ ထရပ်လိုက် တယ်

'ကိုကိုလေ....'

'သခင် ဘာဖြစ်လို့လဲ'

' ခေါ်မရဘူး ပြီးတော့ ဘာတွေ ပြောနေမှန်းလဲ မသိဘူး'

'ဟင် ညကတောင် အခန်းထဲက ထွက်လာပြီး ထမင်းစားသေးတယ်လေ ပြီးမှ သာသာ့ကို အခန်းထဲ ပြန်ပို့ပေးတာလေ'

'ဟုတ်တယ် ညက ထက်သာ အိပ်ချင်ယောင် ဆောင်နေပေမယ့် နှိုးပြီး ထမင်းတူတူစားတယ် ပြီးတော့ သာသာ့ အခန်းထဲကို လိုက်ပို့ပေးတယ်။ ခု သာသာတရေးနိုးထကြည့်တော့ အော်သံတွေ ကြားလို့ ဝင်ကြည့်တော့ ကိုကို့ကို ခေါ်မရဘူး အစက ပြောချင်တာတွေ ပြောနေတယ် ခုတော့ ပြန်အိပ်သွားပြီ ထင်တယ် ခေါ်မရတော့ဘူး'

' သာသာ စိတ်အေးအေးထား သာသာက ဆရာဝန်ဘဲ သေချာ စမ်းသပ်ကြည့်ပါအုန်း မနက်ကျမှ ဆရာ့ကို ခေါ်ပြီး တိုင်ပင်ကြတာပေါ့'

'ဟုတ် ထက်သာ ရုတ်တရက် ဆိုတော့ ဘာမှ မစဉ်းစားလိုက်မိဘူး ထက်သာက ကိုကိုနဲ့ ပတ်သက်ရင် စဉ်းစားဉာဏ် မရှိတော့တဲ့ သူလိုဘဲ ခုတော့ ထက်သာ ကိုကို့နားမှာ နေပေးလိုက်မယ်'

'ရပါတယ် ကျွန်တော်လည်း နေပေးပါ့မယ်'

'မဟုတ်တာ အကို တစ်နေကုန် မနားရသေးဘူးမလား ခနနေ တရေးလောက် အိပ်ပြီးမှ လာခဲ့ပါ ရပါတယ် ထက်သာလည်း မအိပ်ချင်သေးဘူး'

'ဟုတ် ကျွန်တော် ခနနေ လာခဲ့ပါ့မယ်'

ထက်သာ ကိုကို့ဘေးနားဝင်ထိုင်လိုက်ကာ အစကစကားတွေကို ပြန်စဉ်းစားနေမိသည်

ကိုကို့ကြည့်ရတာ ထက်သာ ထင်နေသလို မဖြစ်ပါစေနဲ့

မဖြစ်နိုင်လောက်ပါဘူး....

Fortune do it<or> ကံကြမ္မာစီစဉ်လေသလား (Completed)     <Zawgi. +uni>        Donde viven las historias. Descúbrelo ahora