Part 13

1K 68 0
                                    

Part. 13

Uni

'ဟင်..'

ကျွန်တော် နိုးလာတော့ ကျွန်တော့် လက်ကို ဆုပ်ကိုင်ထားသလို ခံစားလိုက်ရတယ်။ ဟာ မဖြစ်နိုင်ပါဘူး။ ကျွန်တော့ အနားမှာ ဘယ်သူ့မှ မရှိတာ။ ကျွန်တော့် လက်ကို ဆုပ်ကိုင်ထားမဲ့သူမရှိပါဘူး။

ဒါပေမယ့် ကျွန်တော်် ကြည့်လိုက်တော့ ဆံနွယ် အရှည်ကြီးတွေက မြေပြင်ပေါ်် ဝဲကျနေကာ ကျွန်တော့် လက်ကို သူမလက်ကလေးနဲ့ ဆုပ်ကိုင်ထားကာ အိပ်ယာပေါ်် ခေါင်းလေးတင်ကာ အိပ်ပျော်နေတဲ့ သူမ

သူမက ဘယ်သူများလဲ။ ကျွန်တော် သူမကို မသိပါဘူး။ ကျွန်တော် ကြည့်ဖို့ထလိုက်တော့့

'အား'

'ဟင်  ကိုကို'

'ကိုကို  နိုးလာပြီလား'

ကျွန်တော့်ကို ကြည့်ကာ ကိုကို ဟုခေါ်နေသော သူမလေး

'ဘယ်မှာလည်း  မင်းကိုကို'

'ကိုကိုဆိုတာ ဘယ်သူလည်း'

'အော် SORRYနော် ကိုကို'

ဟုတ်သားဘဲ အစက စိတ်တွေပူပြီး စိတ်ထဲရှိတာတွေ ခေါ်မိတာ 

ကိုကိုဆိုတဲ့ နာမ်စာ‌းလေးက ထက်သာ ငယ်ငယ်ကတည်းက ခေါ်ချင်နေတဲ့ နာမ်စားလေးလေ

'ဟီး'

သူ့ရှေ့မှာ သွားလေးဖြဲကာ ရီပြနေတဲ့ သူမလေးက သိပ်ချစ်ဖို့ကောင်းတယ်

သူမလေးက သူ့အခန်းထဲဘယ်လိုများရောက်နေတာလဲ

သူစဉ်းစားနေတုန်း

'ဟင် မင်းဘာလုပ်တာလဲ'

သူရဲ့ အင်္ကျီကို ချွတ်ဖို့ပြင်နေတဲ့ သူမလေးရဲ့လက်ကို ဆွဲချုပ်လိုက်တော့့

'အ့.....နာတယ်'

'ဟင်'

သူကြည့်လိုက်တော့့ သူ့အားက နည်းနည်းများသွားတဲ့့ ပုံဘဲ 

လွတ်ပေးလိုက်တော့ လက်ကောက်ဝတ်ကလေးဟာ နီရဲသွားလေသည်။

သူမမျက်နှာလေးက ရှုံမဲ့ကာ စကားဆိုလာလေသည်

'ထက်သာက ကို့ကို့ကို ဆေးလာကုပေးတာပါ'

လက်ကလေးကိုနောက်ပစ်ကာ မျက်နှာလေး ငုံကာ ဆိုလာတဲ့ သူမလေးက သိပ်ကို ဖြူစင်နေတဲ့ပုံပင်

Fortune do it<or> ကံကြမ္မာစီစဉ်လေသလား (Completed)     <Zawgi. +uni>        Where stories live. Discover now