Part 33

731 48 2
                                    

Part.33

'သာသာ'

သူခေါ်လိုက်တော့ လက်ကလေးထောင်ပြပြီး တိတ်တိတ်နေဖို့ ပြောလိုက်တဲ့ ဆရာမလေးကြောင့် အနားသွားကာ

'သာသာ သခင်အိပ်နေတာ ကြာပြီမလား'

လေသံလေးဖြင့်သာ အနားကပ်ပြီးပြောလိုက်တယ်

'နည်းနည်းတော့ကြာပြီ ခနနေနိုးတော့မှာပါ'

'ဒေါ်ကြီးကော ရောက်ပြီမလား အကို'

'ရောက်ပြီသာသာ ကျွန်တော် နည်းနည်းတော့ ရှင်းပြထားလိုက်တယ်'

မနက်စာစောစော ဆရာဝန်ခေါ်ကာ ပြလိုက်ပြီးကတည်းက သာသာနဲ့ ဆရာနဲ့ ဘာတွေ တိုင်ပင် နေကြဘလဲ သူမသိ ဒါပေမယ့် ဆေးတော့ သွင်းထားကြသည်။ခုဆို နေ့လယ်တောင်ရောက်တော့မယ်

'ဟုတ် အကို ဒေါ်ကြီးကို သခင်ကြိုက်မဲ့ အရသာရှိမဲ့ အရာလေးတွေ ချက်ပေးဖို့ပြောလိုက်ပါ'

'နိုးရင် ထက်သာ ခေါ်လာခဲ့မယ် ပြီးတော့လေ အကို'

ပြောရခက်နေတဲ့ ဆရာမလေးကို ကြည့်ပြီး သူဘဲစကားဆက်ပေးလိုက်ရတယ်

'ပြောပါ သာသာ ပွင့်ပွင့်လင်းလင်း ပြောပါ'

'ထက်သာ ကိုကို့ရဲ့ အလုပ်တွေကို အကို့ကို တာဝန်ယူပေးစေချင်တယ်'

'ဗျာ အလုပ် ဘာ.အလုပ်...'

'ဟင်'

'သာသာက သိနေတာလား သခင်လုပ်နေတာတွေကို'

'ဟုတ် ထက်သာ ကတော့ကိုကို့ ကို အဲ့အမှောင်ထဲထပ် မဝင်စေချင်တော့ဘူး'

'ဟုတ် သာသာ ကျွန်တော်တို့လည်း အဲ့အလုပ်ကို လုပ်ခဲ့ပေမယ့် ဝင်ဖို့ကလွယ်သလောက် ပြန်ထွက်ဖို့ ရုန်းထွက်ဖို့က သိပ်ကို ခက်ခဲတယ် သာသာ'

'သခင်က သူ့ဘဝတစ်ခုလုံးကို အဲ့အရာကို လုပ်ရင်း မာကျောချင်ယောင် ဆောင်ပြီး ဖုံးကွယ်ထားခဲ့တာ ကျွန်တော် တကယ် မသိခဲ့ဘူး ကျွန်တော် သိပ်ကို ညံဖျင်းလွန်းပါတယ်'

ပြောရင် အသံတိမ်ဝင်သွားတာကြောင့် ထက်သာကြည့်လိုက်တော့ သူလည်း အတော်စိတ်မကောင်း ဖြစ်နေပုံရသည်။

Fortune do it<or> ကံကြမ္မာစီစဉ်လေသလား (Completed)     <Zawgi. +uni>        Where stories live. Discover now