Part .31

705 52 0
                                    

Part.31

'တီ....တီ'

ခုချိန်ကြီး ဘယ်ကားကများ ရောက်လာတယ်မသိ

မတ်စတင့် ပုံစံဟာ အပူမိနေတဲ့ မီးနီသည်ကြီးကျလို့

မဖြစ်လဲနေရော တစ်နေကုန် သခင်ထွက်လာမည့် အချိန်ကို ထိုင်စောင့်နေခြင်းသာဖြစ်သည်

အချိန်တွေသာ ကုန်သွားတယ် သခင်ဟာ ထွက်ကိုမလာခဲ့

ဒေါ်ကြီးလဲ သူနဲ့အတူ သခင့်ကို စောင့်ပေးရှာပါတယ်။ ညနေရောက်မှ မဖြစ်မနေကိစ္စလေးတွေရှိလို့ ပြန်ခိုင်းလိုက်ရတာ

ခုဆို ည၁၀နာရီပင်ရှိတော့မည်။ ဘယ်က ကားကများ စိတ်တိုစရာ

ပေါက်ပေါက်ဖောက်သလို စိတ်ပျက် ညည်းညူနေကာ အိမ်ပြင်ကို ထွက်လာခဲ့သည်

ခနအကြာမှာတော့ မတ်စတင် ပုံစံဟာ မျောက်အုန်းသီးရသလိုပင် ပြုံးဖြီးနေသည်မှာ စော‌စောကနဲ့ လုံးဝပင် မတူ ဘာကြောင့်လဲဆိုတော့

'သာသာ'

ပင်လယ်ထဲမှာ လက်ပစ်ကူးနေတုန်း ကမ်းရှာတွေ့သွားသည့်နှယ် အပြေးလေးသွားကာ

'သာသာ ပြန်လာတယ် ဝမ်းသာလိုက်တာဗျာ'

'သခင်...သခင်လေ'

အစကနှင့် မတူစွာ ချက်ချင်းငြိုးကျသွားတဲ့ မျက်နှာကြောင့် ထက်သာလည်း စိတ်မကောင်းပေ

'ခု သူဘယ်မှာလဲ အကို'

'ဗျာ.... သာသာက'

'ဟုတ်တယ် ထက်သာ သိပြီးပြီ ခုသူ့ဆီလိုက်ပို့ပေးပါနော် အကို'

'လာ သာသာ'

'သခင်ရယ် ဟိုနေ့ကတည်းက ကျွန်တော် သာသာကို လိုက်ပို့ပြီးပြန်ရောက် ကတည်းက အခန်းထဲက မထွက်ဘူး'

'ဟင် ထမင်းကကော'

'ခုထိ မစားသေးဘူး သာသာ'

စိတ်ပူမှုဟာ မြင့်တက်လာကာ အခန်းရှေ့ရောက်တော့

'ဖွင့်လေ အကို'

'သော့က သခင့်ဆီမှာ သာသာ'

'ဘယ်လို'

' ဟိုနေ့ကတော့ တံခါးဖွင့်ထားတယ် ကျွန်တော် ဝင်ကြည့်တော့ အော်လွှတ်တယ် ပြီးတော့ တွေ့တာနဲ့ ကောက်ပေါက်တယ် သာသာ ကျွန်တော်လည်း ဘာလုပ်ရမှန်းမသိတော့ အပြင်ထွက်ပြီး ဖုန်းဆက်ဖို့ လုပ်တယ် သခင့် ခေါင်းမှာလည်း သွေးတွေစီးကျနေလို့ ဒါပေမယ့် ဆရာဝန်ခေါ်ပြီးတော့ တံခါးက ဖွင့်မရတော့ဘူး သာသာ ကျွန်တော်လည်း ဘာလုပ်ရမှန်း မသိတော့ပါဘူးဗျာ'

Fortune do it<or> ကံကြမ္မာစီစဉ်လေသလား (Completed)     <Zawgi. +uni>        Where stories live. Discover now