Part.19

795 82 0
                                    

Part. 19

‘မတ်စတင်  ထမင်းစားဖို့သွားခေါ်ချည်’

မနက်ကရောက်ကတည်းက အခန်းထဲက ထွက်မလာတဲ့ သူမကြောင့် သူများမြေမှာ ရောက်နေတဲ့ အတွက်ကြောင့် ဂရုတစိုက်ခေါ်လိုက်ရတယ် သခင်ဆိုတဲ့ သူ့ဘဝမှာ ဘယ်သူ့ကို မှ တွယ်တွယ်တာတာ ရှိတာမဟုတ် မတွယ်တာချင်တာတော့မဟုတ် တွယ်တာပြီးရင် ထားသွားခံရမှာ သူကြောက်တယ်
သူမျှော်လင့်ခဲ့ပေမယ့် မေတ္တာဆိုတာမရတော့ ဘယ်လောက်ခံစားရလဲဆိုတာ သူလောက် ဘယ်သူသိအုန်းမလဲ သူထင်တာတော့ မေတ္တာဆိုတာ သူနဲ့ မထိုက်တန်ဘူးလို့ဘဲ သူတော့ ထင်တယ်

‘ကိုကို’
စလာပါပြီ ဘယ်လောက် မခေါ်နဲ့ ပြောပြော ပြောတဲ့သူသာ မောတယ်။
သူမကတော့ အဲ့နာမ်စားကို ပါးစပ်အရသာခံပြီးခေါ်နေသလားမသိ သူ့မှာတော့ ကြားလိုက် ရရင် ရင်ထဲတလှပ်လှပ်နဲ့  အဲ့ကလေးမလေးက တော်တော်ဆိုးတယ်။

‘ထိုင် မင်းနေ့လယ်စာ စားဖို့တော့ ဆင်းလာသင့်တယ်’

‘ထက်သာ အိပ်ပျော်သွားလို့ပါ ကိုကိုကလဲ’

‘ဘာ ကိုကိုလဲ ‘

‘မင်း အပြင်လျှောက်သွားအုန်းမလား’

‘ဟင် ကိုကို လိုက်ပို့မလို့လား သွားမှာပေါ့ ပျော်လိုက်တာ’

‘မတ်စတင် သူ့ကို လိုက်ပို့လိုက် ပြီး ညနေကျ ပြန်ခေါ်လာခဲ့’

‘ဟင်’
သူလိုက်ပို့မယ်ထင်လို့ ‌ပျော်လို့ ပြုံးမလို့ရှိသေးတယ် ပြောလိုက်တဲ့စကားကြောင့် သူမမျက်နှာ ဟာ ကြက်ကြီးလည်နင် နေသလို ငိုရခက်၊ ရီရခက်ဖြစ်နေမိတယ်

‘မတ်စတင် အခန်းထဲ လိုက်ခဲ့’

‘ဟုတ်’

ထမင်းကို တစ်ဝက်ထဲစားကာ အခန်းထဲ ပြန်ဝင်သွားတဲ့သူ့ကြောင့် ပြောစရာတွေပင် ပျောက်ရှ သွားရတယ်
လည်ချင်ရင် အိမ်ကလိုက်ပို့နေလို့ အမြဲရောက်နေတာ ခုဟာက သူနဲ့လည်ချင်လို့ ရောက်ဖူးပြီးသား နေရာကို အပင်ပန်းခံပြီးလိုက်လာတာ ခုတော့ ဟွန်း တော်တော်ဆိုးတဲ့သူဘဲ
သေချာတာ တစ်ခုကတော့ ဆရာဝန်မလေးလို့မထင်ရလောက်အောင်ပင် ကလေးပေါက်စ လေးလို ထမင်းစားပွဲမှာ ထိုင်ကာ ပွစိပွစိပြောရင်း နှုတ်ခမ်းဆူနေတဲ့သူမကိုသာမြင်ရင် သူ ရီမှာ သေချာတယ်

Fortune do it<or> ကံကြမ္မာစီစဉ်လေသလား (Completed)     <Zawgi. +uni>        Where stories live. Discover now