Part.17

852 71 0
                                    

Part.17

ကားလေး တစ်စီးကတော့ ဟိုက်ဝေးလမ်းမကြီးပေါ်မှာ တသိမ့်သိမ့် သွားနေခဲ့သည်

ကားလေးပေါ်မှာ ဟိုဘက်ကိုတိုးဖို့ စဉ်းစားခန်းထုတ်နေတဲ့ ကောင်မလေးရယ်

သူ့အသားနဲ့ မထိမိအောင် ချောင်ကို အတင်းကပ်နေတဲ့ ကောင်လေးရယ်

သူတို့ဖြစ်စဉ်ကို စိတ်ဝင်တစား မှန်ထဲက ခိုးကြည့်နေတဲ့ သူနဲ့

ကား​လေးဟာ တိတ်ဆိတ်လျက်ပေါ့

တချက် ကားလေး စောင်းသွားချိန်မှာ ကြံစည်နေတဲ့သူမလေးက

'ဟာ ငါ့အသားကို လာမထိနဲ့သွား'

မောင်ထုတ်လိုက်ခါ ထိမိ​​သော လက်ကို ပွတ်နေသော သူ့ကြောင့် မျက်ရည်များပင် ဝဲမိသည်

သူက ငါ့ကိုရွံတယ်ထင်တယ်
ငါ အလိုက်သိရမှာပေါ့

💮💮💮💮💮

ဟိုဘက်ကို အတင်းကပ်သွားကာအစက ခိုးကြည့်နေသော သူမလေးက သူမမဟုတ်သလို ဟိုဘက်ကို အတင်းကပ်ကာ ခေါင်းကိုငုံထားလေသည်။

ငါလွန်သွားပြီလား

ဟာ ငါက ငါ့အသားထိတာမှမကြိုက်တာ

သူ့ဟာသူ နေတော့ပိုတောင် ကောင်းသေး

ကိုယ့်ဟာကို တွေးကာ ပြောနေပေမယ့် ဟိုဘက်ကိုကပ်နေတဲ့ သူမလေးကို လှည့်ကြည့်မိတာက အခါခါ

သူ ဘယ်လို ပြန်ပြောရပါ့မလဲ

ခုလိုကြီး ကြတော့လည်း နေမထိ ထိုင်မသာနဲ့

တွေးနေတုန်းဘဲ

'အကို'

သူ့လှည့်ကြည့်မိတော့ သူမလေးက သူ့ကိုခေါ်တာမဟုတ်

'တံခါးဖွင့်လို့ ရတယ်မလား'

'ဟုတ် ရပါတယ်သာသာ'

ဟိုဘက် ပြန်လှည့်သွားကာ တံခါးလေးကို ဖွင့်ပြီး မှန်ဘောင်ကို ခေါင်းလေးပေါ် တင်ကာ သူ့ဘက်လှည့်မလာ

ဘာလည်း ငါ့ကို မမြင်ကြတော့ဘူးလား

ဘယ်လို ခေါ်လိုက်တယ်

သာသာတဲ့ သူတို့က
ဘယ်တုန်းက အဲ့လောက်တောင် ရင်းနှီးသွားတာလဲ

Fortune do it<or> ကံကြမ္မာစီစဉ်လေသလား (Completed)     <Zawgi. +uni>        Where stories live. Discover now